• Follow Us on

Home ကလေးမြို့သို့ ဆန်ပို့သည့် မော်တော်ယာဉ်တစ်စီး မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခံရ

ကလေးမြို့သို့ ဆန်ပို့သည့် မော်တော်ယာဉ်တစ်စီး မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခံရ

Share this post

စစ်ကိုင်း၊ အောက်တိုဘာ ၂၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ဆန်သယ်သည့် မော်တော်ယာဉ် တစ်စီးကို အမည်မသိလက်နက်ကိုင်များက မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ကလေးမြို့နယ်သို့ ဆန်များတင်ဆောင်လာသည့် မော်တော်ယာဉ်သည် ကလေးမြို့နယ် စည်သာ ကျေးရွာနှင့် နတ်မြောင်းကျေးရွာအကြားတွင် အထက်ပါကဲ့သို့ မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ကားမောင်းတဲ့သူကတော့ ဘာမှမဖြစ်ပါဘူး၊ လက်မောင်းဒဏ်ရာရရှိတာလေးလောက်ပဲရှိတယ်။ ဆန် သယ်တဲ့ကားကတော့ အတော်လေးကို ပျက်စီးသွားပါတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် မကြာခဏ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များ မကြာခဏ မိုင်း ထောင်ဖောက်ခွဲမှုများနှင့် သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်သည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေလျက်ရှိပါတယ်။

 

Photo – credit

 

#PeopleMedia #ကလေးမြို့

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post