• Follow Us on

Home ကလေးမြို့၊ နတ်ချောင်းရွာတိုက်ပွဲ၌ သေဆုံးခဲ့သည့် ကလေး PDF အဖွဲ့ဝင် လေးဦးအတွက် သက်ပျောက်ဆွမ်း ပြုလုပ်ပေးခဲ့

ကလေးမြို့၊ နတ်ချောင်းရွာတိုက်ပွဲ၌ သေဆုံးခဲ့သည့် ကလေး PDF အဖွဲ့ဝင် လေးဦးအတွက် သက်ပျောက်ဆွမ်း ပြုလုပ်ပေးခဲ့

Share this post

ကလေး၊ ဇန်နဝါရီ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ နတ်ချောင်းကျေးရွာ ညတိုက်ပွဲ၌ ကလေး PDF အဖွဲ့ဝင် လေးဦး သေဆုံးခဲ့ ပြီး သေဆုံးသူများ၏ သက်ပျောက်ဆွမ်းကို ဇန်နဝါရီ ၁၉ ရက်နေ့၌ နတ်ချောင်းကျေးရွာရှိ သုဿန်၌ ပြုလုပ်ခဲ့ သည်။

 

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ ဖြစ်ပေါ်ခဲ့သည့် နတ်ချောင်းကျေးရွာ ညတိုက်ပွဲအတွင်း၌ က လေး PDF အဖွဲ့ဝင်များဖြစ်သည့် ကိုငယ်လေး(၄၀နှစ်)၊ ကိုအဲသား(၄၀နှစ်)၊ ကိုအဲပွေ(၄၆နှစ်)၊ ကိုငွေသွား (၄၄နှစ်) တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နတ်ချောင်း PDF အဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပြီး နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

#PeopleMedia #ကလေးမြို့PDF

 

(unicode)


……………………………………………………

 


 


 


 


 



Share this post