• Follow Us on

Home ကလေးမြို့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦး တစ်ရက်ထဲ လုပ်ကြံခံရပြီးနောက် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်

ကလေးမြို့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦး တစ်ရက်ထဲ လုပ်ကြံခံရပြီးနောက် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်စီကျေးရွာနှင့် ပျဉ်းခုံကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ၂ ဦးသည် စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းက သတ်ဖြတ်ခြင်းခံရပြီးသည့်နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦးသည် တာဝန်မှ နုတ်ထွက်လိုကြောင်း နုတ်ထွက်စာကို ကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထား ကြောင်း သိရသည်။

 

အဆိုပါ နှုတ်ထွက်သူစာရင်းတွင် ပျဉ်းတောဦးကျေးရွာအုပ်စုမှ ပျဉ်းတောဦးကျေးရွာ၊ အောင်ရွာကျေးရွာ၊ ချင်းစု ကျေးရွာ၊ မြစိမ်းကျေးရွာ၊ ဆင်ရွာကျေးရွာများမှဖြစ်ကြောင်း သိရသည်။

 

“အခု နုတ်ထွက်တဲ့ ရွာအများစု ချင်းရွာက အုပ်ချုပ်ရေးမှူးတွေများတယ်။ အဓိကတော့ မနေ့က အုပ်ချုပ်ရေးမှူး နှစ်ဦးအသတ်ခံရတဲ့အခါကျတော့ သူတို့လည်း စိုးရိမ်ပြီးတော့ နုတ်ထွက်တဲ့ သဘောဖြစ်ပါလိမ့်မယ်”ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

ယမန့်နေ့ကလည်း PDF အဖွဲ့မှ ခြိမ်းခြောက်စာပို့ခံထားရသည့် ကလေးမြို့ မော်စီကျေးရွာနှင့် ပျဉ်းခုံကြီးကျေး ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား အမည်မသိ လက်နက်ကိုင်အဖွဲ့များက စက်တင်ဘာ ၈ ရက်နေ့က နေအိမ်သို့ သေနတ်ဖြင့် လာရောက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်းလည်း သိရသည်။

 

#PeopleMedia #ကလေးမြို့

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post