• Follow Us on

Home ကလေးမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံနှုတ်ထွက်

ကလေးမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံနှုတ်ထွက်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြက်ဖနက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးသည် စက်တင်ဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် နှုတ်ထွက်စာကို ကလေးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြထားကြောင်း သိရပါ တယ်။

 

ကြက်ဖနက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှုတ်ထွက်စာတွင် ကလေးမြို့နယ်၊ ကြက်ဖနက်ကျေးရွာအုပ်စု၌ တာဝန်ထမ်းဆောင်လျက်ရှိသော မိမိသည် ကျန်းမာရေးချိုယွင်းလာသည့်အတွက် ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ရန် အခက်အခဲမျိုးစုံတွေ့ကြုံလာသည့်အတွက် အုပ်ချုပ်ရေးမှူးအဖြစ် နှုတ်ထွက်ခွင့်ပြုပါရန် တင်ပြ ကြောင်း နှုတ်ထွက်စာတွင် ပါဝင်သည်။

 

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ကျေးရွာအုပ်ချုပ်မှူးများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များကြောင့် မကြာခဏ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှုဖြစ်စဉ်များ ဖြစ်ပေါ်နေလျက်ရှိပါတယ်။

 

ကလေးမြို့နယ်သည် ဒေသခံ PDF များ အားကောင်းလာသည့်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

#PeopleMedia #ကလေးမြို့

 

(unicode)

ကလေးမွို့၌ ကြေးရှာအုပျခြုပျရေးမှူးတဈဦး ထပျမံနှုတျထှကျ

………………………………………………………..

 


 


 


 


 


 



Share this post