• Follow Us on

Home ကလေးမြို့နှင့် လွိုင်ကော်မြို့ရှိ ဒ-က-စ မှူး နှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားကြောင်း သတင်းဌာနအချို့ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်ကြောင်း န-စ-က ရှင်းလင်း

ကလေးမြို့နှင့် လွိုင်ကော်မြို့ရှိ ဒ-က-စ မှူး နှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားကြောင်း သတင်းဌာနအချို့ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်ကြောင်း န-စ-က ရှင်းလင်း

Share this post

ရန်ကုန်၊ စက်တင်ဘာ – ၇ (People Media)

 

ကလေးမြို့နှင့် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲရေးမှူး (ဒ-က-စ မှူး) နှစ်ဦးကို တပ်မတော်က ဖမ်းဆီးထား ကြောင်း သတင်းဌာနအချို့ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်ကြောင်း န-စ-က မှ ယနေ့ နေ့လည် (၁၂) နာရီအချိန်က ပြန်လည်ရှင်းလင်းထားပါတယ်။

 

“ကလေးမြို့နှင့် လွိုင်ကော်မြို့တို့က ဒေသကွပ်ကဲရေးမှူးတွေ သူတို့တာဝန်ကျနေရာတွေမှာ ကောင်းကောင်း မွန်မွန် ပုံမှန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒီသတင်းဟာ ကောလဟာလသတင်းပဲ ဖြစ်ပါတယ်” လို့ န-စ-က မှ ပြန်လည်ရှင်းလင်းထားပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် ဒေသခံ PDF များ လှုပ်ရှားမှုအားကောင်းနေဆဲဖြစ်တဲ့နေရာများလည်း ဖြစ်ပါတယ်။

 

#PeopleMedia #ဒကစ

 

(unicode)


………………………………………………………………….

 


 


 


 


 



Share this post