• Follow Us on

Home ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်း

ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားလိုက်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒီဇင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron တွေ့ရှိသော နိုင်ငံပေါင်း (၃၅)နိုင်ငံတွင် အိန္ဒိယနိုင်ငံ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် မြန်မာနှင့် အိန္ဒိ ယနိုင်ငံ နယ်စပ်ဒေစများမှ ခရီးသွားများ လိုက်ပါစီးနင်းသည့် ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဉ်များမှ တစ်ဆင့် ရောဂါပိုး ဝင်ရောက်မှု ထိန်းချုပ်ရန်အတွက် အဆိုပါခရီးစဉ်များ ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညှိနှိုင်းလာ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းရန် အကြောင်းကြားခဲ့ခြင်းကို လေကြောင်း လိုင်းများ သိရှိလိုက်နာဆောင်ရွက်ရန် ထပ်ဆင့် အကြောင်းကြားအပ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များမှ ထုတ် ပြန်သည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက်အရ Air KBZ အနေဖြင့် ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့မှ စတင်၍ ကလေးခရီးစဉ်ကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း Air KBZ မှ ထုတ်ပြန်ထားသည်။

 

Photo- MNA

 

#PeopleMedia #COVID19 #Omicron

 

(unicode)


………………………………………………………

 


 


 


 


 

Photo- MNA

 

#PeopleMedia #COVID19 #Omicron


Share this post