• Follow Us on

Home ကံမမြို့ အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်မှုများတွင် ပြည်သူများပါဝင်မှုမရှိရန် ဗီနိုင်းများ ချိတ်ဆွဲ

ကံမမြို့ အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်မှုများတွင် ပြည်သူများပါဝင်မှုမရှိရန် ဗီနိုင်းများ ချိတ်ဆွဲ

Share this post

မကွေး၊ ဇန်နဝါရီ ၂၅ (People Media)

 

ဇန်နဝါရီလ (၂၄) ရက်၊ ညနေ (၄) နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အကြမ်းဖက်မှုလုပ်ငန်းများတွင် အများပြည်သူများ ပါဝင်မှုမရှိစေရန် ဗီနိုင်းများဖြင့် ချိတ်ဆွဲထားသည်။

 

ကံမမြို့ရှိ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အဆိုပါ ဗီနိုင်းများကို ချိတ်ဆွဲမှုကို ကံမမြို့နယ် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ဗီနိုင်းတွင်း “ကံမမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းမှုများ မပြုလုပ်ရန်၊ အကြမ်းဖက်သမားများအတွက် ငွေကြေးကောက်ခံခြင်း၊ ထောက်ပံ့ခြင်း၊ လက်ခံ၊ လွှဲပြောင်းခြင်းများ မပြုလုပ်ရန်နှင့် အထက်ပါအချက်များကို ပြစ်မှုကျူးလွန်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖော်ပြထားသည်။

 

မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့ နယ်များဖြစ်သလို ဇန်နဝါရီ ၂၄ ရက်နေ့က ပခုက္ကူမြို့ရှိ KBZ မီနီဘဏ် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

 

#PeopleMedia #မကွေးတိုင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post