• Follow Us on

Home ကျန်မာရေးဝန်ကြီးဌာနသို့ ပြန်လည်တာဝန်ထမ်းဆောင်လိုသည့် ဝန်ထမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန်လည်လက်ခံလျှက်ရှိကြောင်း ကျန်မာရေးဝန်ကြီးပြောဆို

ကျန်မာရေးဝန်ကြီးဌာနသို့ ပြန်လည်တာဝန်ထမ်းဆောင်လိုသည့် ဝန်ထမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန်လည်လက်ခံလျှက်ရှိကြောင်း ကျန်မာရေးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ (People Media)

 

ပြည်သူများအကျိုးကိုရှေးရှု၍ ဝန်ကြီးဌာနသို့ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်လိုသည့် ဌာနကင်းကွာ ဝန်ထမ်းများကိုလည်း ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန်လည်လက်ခံပေး လျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်း စိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ သည်။

 

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ နောက်ထပ်လှိုင်းအတွက် ပြင်ဆင်ရာတွင် ဆေးဝါး၊ ဆေးပစ္စည်း၊ အောက်ဆီ ဂျင်နှင့် လူနာကုတင်များ အလုံအလောက် စီစဉ်ထားရှိရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် ပြင်ဆင် ထားရှိရန် အရေးကြီးသကဲ့သို့ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့် ပုံမှန်ဆေးကုသမှု လုပ်ငန်းများကိုလည်း အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံ၏ ဆေးကုသရေးလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောဆိုသည်။

 

ဆေးပညာ ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ ကျင်းပလျက်ရှိပြီး၊ ဘွဲ့ကြိုသင်တန်း (နောက်ဆက်တွဲ) သင်တန်းများကိုလည်း ဖွင့်လှစ်ထားရှိကာ လာမည့်နှစ်ဆန်းပိုင်းတွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ)သင်တန်းများလည်းဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုပေးရာတွင် ယခုထက်ပိုမိုကောင်းမွန်စွာဖြင့် စေတနာရှေ့ထားကာ ကြိုးစားဆောင်ရွက်သွားစေလို ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။

 

#PeopleMedia #ကျန်းမာရေး

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post