• Follow Us on
Latest News

Home က်န္းမာေရးကိစၥမ်ား စိတ္ခ်ရပါက မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားတစ္ဆင့္ၿပီးတစ္ဆင့္ ျပန္လည္ဖြင့္ လွစ္သြားမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာ

က်န္းမာေရးကိစၥမ်ား စိတ္ခ်ရပါက မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားတစ္ဆင့္ၿပီးတစ္ဆင့္ ျပန္လည္ဖြင့္ လွစ္သြားမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၆

က်န္းမာေရးကိစၥမ်ား စိတ္ခ်ရပါက မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားတစ္ဆင့္ၿပီး တစ္ဆင့္ ျပန္လည္ဖြင့္လွစ္သြားမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာသည္။

ၾသဂုတ္လ ၆ ရက္ ရန္ကုန္တိုင္းေဒသႀကီး ကိုကိုးကြ်န္းျမဳိ႔နယ္သို႔ သြားေရာက္စဥ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“မူလတန္းနဲ႔အလယ္တန္းေက်ာင္းမ်ား အျမန္ျပန္လည္ဖြင့္လွစ္ႏိုင္ေရးၾကဳိးစားေဆာင္ရြက္ေနပါတယ္။ ကေလး ငယ္မ်ား ေက်ာင္းစာနဲ႔ေ၀းကြာေနရင္မေကာင္းပါဘူး။ အထက္တန္းေက်ာင္းေတြက ဖြင့္လွစ္ထားတာ တစ္လ ရွိၿပီမို႔လို႔ က်န္းမာေရးကိစၥစိတ္ခ်ရၿပီဆိုရင္တစ္ဆင့္ၿပီးတစ္ဆင့္ ဖြင့္လွစ္သြားမွာျဖစ္ပါတယ္’’ဟု ၎ကေျပာ သည္။

အလယ္တန္းႏွင့္ မူလတန္းေက်ာင္းမ်ားကို မူလတြင္ ၾသဂုတ္လအတြင္းဖြင့္လွစ္ရန္စီစဥ္ထားေသာ္လည္း စက္တင္ဘာလသို႔ အေျခခံပညာဦးစီးဌာနမွ ေရႊ႕ဆိုင္းခဲ့သည္။

အေျခခံပညာဦးစီးဌာန လက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္း ေလးေသာင္းေက်ာ္ ရန္ကုန္တိုင္းေဒသၾကီးတြင္ ေက်ာင္းေပါင္းႏွစ္ေထာင္ေက်ာ္ရွိၿပီး လက္ရွိတြင္ အထက္တန္းအဆင့္ေက်ာင္းသား ၊ေက်ာင္းသူမ်ားကိုသာ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည္။

Covid19 ေရာဂါကို ကာကြယ္ႏိုင္သည့္ ေက်ာင္းမ်ားအျဖစ္ အဆင့္သက္မွတ္ခ်က္မ်ားအျဖစ္ အခ်က္ ၈၀ ေက်ာ္သတ္မွတ္ထားၿပီး အထက္တန္းအဆင့္ေက်ာင္းမ်ားကို ေအ၊ဘီ၊စီ အဆင့္တို႔ႏွင့္ခြဲျခားထား ကာ ေအအဆင့္ရရွိသည့္ေက်ာင္းမ်ားသာ ဖြင့္လွစ္ခြင့္ျပဳေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ကျန်းမာရေးကိစ္စများ စိတ်ချရပါက မူလတန်းနှင့် အလယ်တန်းကျောင်းများတစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့် လှစ်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြော
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၆

ကျန်းမာရေးကိစ္စများ စိတ်ချရပါက မူလတန်းနှင့် အလယ်တန်းကျောင်းများတစ်ဆင့်ပြီး တစ်ဆင့် ပြန်လည်ဖွင့်လှစ်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

ဩဂုတ်လ ၆ ရက် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“မူလတန်းနဲ့အလယ်တန်းကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုးစားဆောင်ရွက်နေပါတယ်။ ကလေး ငယ်များ ကျောင်းစာနဲ့ဝေးကွာနေရင်မကောင်းပါဘူး။ အထက်တန်းကျောင်းတွေက ဖွင့်လှစ်ထားတာ တစ်လ ရှိပြီမို့လို့ ကျန်းမာရေးကိစ္စစိတ်ချရပြီဆိုရင်တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။

အလယ်တန်းနှင့် မူလတန်းကျောင်းများကို မူလတွင် ဩဂုတ်လအတွင်းဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း စက်တင်ဘာလသို့ အခြေခံပညာဦးစီးဌာနမှ ရွှေ့ဆိုင်းခဲ့သည်။

အခြေခံပညာဦးစီးဌာန လက်အောက်တွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းပေါင်းနှစ်ထောင်ကျော်ရှိပြီး လက်ရှိတွင် အထက်တန်းအဆင့်ကျောင်းသား ၊ကျောင်းသူများကိုသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

Covid19 ရောဂါကို ကာကွယ်နိုင်သည့် ကျောင်းများအဖြစ် အဆင့်သက်မှတ်ချက်များအဖြစ် အချက် ၈၀ ကျော်သတ်မှတ်ထားပြီး အထက်တန်းအဆင့်ကျောင်းများကို အေ၊ဘီ၊စီ အဆင့်တို့နှင့်ခွဲခြားထား ကာ အေအဆင့်ရရှိသည့်ကျောင်းများသာ ဖွင့်လှစ်ခွင့်ပြုကြောင်းသိရသည်။

#PeopleMedia


Share this post