• Follow Us on

Home က်န္းမာေရးဝန္ထမ္း ေလးဥိီးအထိကိုဗစ္ ကူးစက္ထားတာေၾကာင့္ မိုးညႇင္းေဆး႐ုံႀကီး အဝင္အထြက္ယာယီ ကန္႔သတ္ထား

က်န္းမာေရးဝန္ထမ္း ေလးဥိီးအထိကိုဗစ္ ကူးစက္ထားတာေၾကာင့္ မိုးညႇင္းေဆး႐ုံႀကီး အဝင္အထြက္ယာယီ ကန္႔သတ္ထား

Share this post

မိုးညႇင္း၊ ေအာက္တိုဘာ-၃

ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္၊ မိုးညႇင္းျပည္သူ႔ ေဆး႐ုံႀကီးတြင္ က်န္းမာေရး ဝန္ထမ္း (၄)ဦး အထိကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရတာေၾကာင့္ ေဆး႐ုံအဝင္အထြက္ကို ယာယီ ကန္႔သတ္ထားေၾကာင္းမိုးညႇင္း ခရိုင္ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ကုသေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီ က အတည္ျပဳသည္။
“ေဆး႐ုံႀကီးကို ပိတ္ထားတာေတာ့ မဟုတ္ပါဘူး။ ေရာဂါတအားဆိုးရြားတယ္ဆိုရင္ေတာ့ ကၽြန္မတို႔ဆီကို ဖုန္းဆက္အေၾကာင္းၾကားလို႔ ရပါတယ္။ တိုင္ပင္လို႔လည္း ရပါတယ္။ ”ဟု မိုးညႇင္းခရိုင္ ေဆး႐ုံအုပ္ႀကီး Dr ေဒၚလာမာမီး က ေျပာသည္။
မိုးညႇင္းေဆး႐ုံႀကီးအတြင္းအဝင္အထြက္ ကန္႔သတ္ရျခင္းမွာ အျခားလူနာမ်ားႏွင့္ အျခားသူမ်ားအား ကူးစက္မူ မျဖစ္ေစရန္ ကန္႔သတ္ရျခင္း ျဖစ္ၿပီး မလိုအပ္ဘဲ ေဆး႐ုံသို႔ မလာရန္ႏွင့္ လူနာေစာင့္ႏွင့္ ဧည့္သည္ အမ်ားအျပား လာေရာက္ေတြ႕ဆုံျခင္း မျပဳလုပ္ရန္ အသိေပးညြန္ၾကားမႈမ်ား ျပဳလုပ္ထားသည္။
ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသည့္ က်န္းမာေရးဝန္ထမ္း ၄ ဦးမွာ ကေလးအထူးကုဆရာဝန္ ႏွစ္ဦးႏွင့္သူနာျပဳဆရာမ ႏွစ္ဦးတို႔ျဖစ္သည္။
ျပည္သူမ်ား အေနျဖင့္ ကိုဗစ္ေရာသံသယရွိပါက နီးစပ္ရာက်န္းမာေရး ဌာနက တာဝန္ရွိသူမ်ားထံ ျပသဖို႔ ညႊန္ၾကားထားၿပီးျဖစ္ၿပီး ​ဤသို႔ သြားေရာက္ျပသပါက ယင္းလူနာ၏ ခရီးသြား ရာဇဝင္ရယူၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ေပးနိုင္ရန္​ျပင္ဆင္ထားေၾကာင္း မိုးညႇင္းခရိုင္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာလာမာမီးက ဆိုသည္။
”အခု မိုးညႇင္း ေဆး႐ုံႀကီးမွာ အတည္ျပဳလူနာကိုပဲ ထားရွိကုသေပးမွာပါ ကိုဗစ္ေရာဂါ လကၡဏာရွိသည္ျဖစ္ေစ မရွိသည္ ျဖစ္ေစ ျပင္းထန္ဆိုးရြားတဲ့ အေရးေပၚလူနာေတြ ကိုလည္း လက္ခံကုသေပးပါတယ္”ဟု ၎က ေျပာသည္။
ထို႔အ​ျပင္ က်န္းမာေရး ဝန္ထမ္းမ်ားကိုလည္း အဆိုင္းမ်ား ခြဲထားၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားေပးေနသည္။
လက္ရွိတြင္ မိုးညႇင္းတစ္ၿမိဳ႕နယ္လုံး၌ ေအာက္တိုဘာ (၂)ရက္ေန႔အထိ Covid-19 ေရာဂါကူးစက္ခံရသူ(၇)ဦး အထိရွိၿပီး ျဖစ္သည္။
photo-credit
လြမ္းေအာင္
#PeopleMedia #EPN #မိုးညႇင္း

(unicode)

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား
မိုးညှင်း၊ အောက်တိုဘာ-၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ထမ်း (၄)ဦး အထိကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာကြောင့် ဆေးရုံအဝင်အထွက်ကို ယာယီ ကန့်သတ်ထားကြောင်းမိုးညှင်း ခရိုင်ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ က အတည်ပြုသည်။
“ဆေးရုံကြီးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ ရောဂါတအားဆိုးရွားတယ်ဆိုရင်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်းကြားလို့ ရပါတယ်။ တိုင်ပင်လို့လည်း ရပါတယ်။ ”ဟု မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး Dr ဒေါ်လာမာမီး က ပြောသည်။
မိုးညှင်းဆေးရုံကြီးအတွင်းအဝင်အထွက် ကန့်သတ်ရခြင်းမှာ အခြားလူနာများနှင့် အခြားသူများအား ကူးစက်မူ မဖြစ်စေရန် ကန့်သတ်ရခြင်း ဖြစ်ပြီး မလိုအပ်ဘဲ ဆေးရုံသို့ မလာရန်နှင့် လူနာစောင့်နှင့် ဧည့်သည် အများအပြား လာရောက်တွေ့ဆုံခြင်း မပြုလုပ်ရန် အသိပေးညွန်ကြားမှုများ ပြုလုပ်ထားသည်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးမှာ ကလေးအထူးကုဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ နှစ်ဦးတို့ဖြစ်သည်။
ပြည်သူများ အနေဖြင့် ကိုဗစ်ရောသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနက တာဝန်ရှိသူများထံ ပြသဖို့ ညွှန်ကြားထားပြီးဖြစ်ပြီး ​ဤသို့ သွားရောက်ပြသပါက ယင်းလူနာ၏ ခရီးသွား ရာဇဝင်ရယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်​ပြင်ဆင်ထားကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ဆိုသည်။
”အခု မိုးညှင်း ဆေးရုံကြီးမှာ အတည်ပြုလူနာကိုပဲ ထားရှိကုသပေးမှာပါ ကိုဗစ်ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပြင်းထန်ဆိုးရွားတဲ့ အရေးပေါ်လူနာတွေ ကိုလည်း လက်ခံကုသပေးပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အ​ပြင် ကျန်းမာရေး ဝန်ထမ်းများကိုလည်း အဆိုင်းများ ခွဲထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသည်။
လက်ရှိတွင် မိုးညှင်းတစ်မြို့နယ်လုံး၌ အောက်တိုဘာ (၂)ရက်နေ့အထိ Covid-19 ရောဂါကူးစက်ခံရသူ(၇)ဦး အထိရှိပြီး ဖြစ်သည်။
photo-credit
လွမ်းအောင်

Share this post