• Follow Us on

Home ကျန်းမာရေးဝန်ကြီးဌာနရှိ အထူးကုဆရာဝန်များ အိန္ဒိယနိုင်ငံသို့ စေလွှတ်ပညာသင်ကြားနိုင်ရန် နှစ်နိုင်ငံ ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာနရှိ အထူးကုဆရာဝန်များ အိန္ဒိယနိုင်ငံသို့ စေလွှတ်ပညာသင်ကြားနိုင်ရန် နှစ်နိုင်ငံ ဆွေးနွေး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂ (People Media)

 

နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ဝန်ကြီးဌာနလက်အောက်ရှိ အထူးကု ဆရာဝန်များကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ပညာသင်ကြားနိုင်ရေးအတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးခဲ့ ကြပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် state of the art ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အိန္ဒိယ နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံထုတ် COVAXIN COVID-19 ကာ ကွယ်ဆေးကို WHO က အရေးပေါ်အသုံးပြုနိုင်ရန်အတွက် အသိအမှတ်ပြုပြီးဖြစ်ပါ၍ မြန်မာနိုင်ငံမှ အသိ အမှတ်ပြုကာကွယ်ဆေးစာရင်းတွင် ထည့်သွင်းနိုင်ရေးကိစ္စရပ်များအပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။

 

COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရက မြန်မာနိုင်ငံအစိုးရထံ လှူဒါန်းပေးမှုများ ရှိခဲ့သလို မြန်မာနိုင်ငံအစိုးရမှလည်း အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများကို ဝယ်ယူမှု ပြုလုပ်ထားပါတယ်။

 

#PeopleMedia #COVID19 #အိန္ဒိယ #မြန်မာ

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia #COVID19 #အိန်ဒိယ #မွနျမာ


Share this post