• Follow Us on

Home က်န္းမာေရးေစာင့္ေ႐ွာက္မႈစြမ္းရည္ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတတိယလႈိင္းက ၿခိမ္းေျခာက္ေနသျဖင့္ ေတာင္ကိုရီးယားတြင္ အလြယ္တကူေ႐ႊ႕ေျပာင္းႏိုင္သည့္ကုန္ေသတၱာေဆး႐ံုမ်ား တည္ေဆာက္ေန

က်န္းမာေရးေစာင့္ေ႐ွာက္မႈစြမ္းရည္ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတတိယလႈိင္းက ၿခိမ္းေျခာက္ေနသျဖင့္ ေတာင္ကိုရီးယားတြင္ အလြယ္တကူေ႐ႊ႕ေျပာင္းႏိုင္သည့္ကုန္ေသတၱာေဆး႐ံုမ်ား တည္ေဆာက္ေန

Share this post

ဆိုးလ္၊ ဒီဇင္ဘာ ၁၁
 
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတတိယလႈိင္းကိုရင္ဆိုင္ရန္ အရံေဆး႐ံုမ်ားတည္ေဆာက္ေနၿပီး အက်ပ္အတည္း ဆိုက္ေနသည့္အေျခအေနသို႔ေရာက္ေနေၾကာင္း ေတာင္ကိုရီးယားက်န္းမာေရး၀န္ႀကီးက ၾကာသပေတး ေန႔တြင္ေျပာသည္။
 
မၾကာမီ ေတာင္ကိုရီးယားက်န္းမာေရးေစာင့္ေ႐ွာက္မႈေပးႏိုင္သည့္ပမာဏ အကန္႔အသတ္႐ွိလာေတာ့မည္ျဖစ္ၿပီး အႏၲရာယ္မ်ားေနေၾကာင္း ၀န္ႀကီး ပတ္နမ္ဟူကေျပာသည္။
 
ကူးစက္မႈေႏွာင့္ေႏွးေစရန္ရႏိုင္သမွ်ရင္းျမစ္မ်ားအားလံုးစုေဆာင္းရန္ႏွင့္ က်န္းမာေရးေစာင့္ေ႐ွာက္မႈစြမ္းရည္မ်ား ပိုမိုဖန္တီးေပးရန္ ဦးစားေပးေနေၾကာင္းလည္း အသိေပးသည္။
 
စိုးရိမ္ရသည့္ျဖစ္ရပ္ ၃ ရာခိုင္ႏႈန္းႏွင့္ လူနာအားလံုးအတြက္ ၁၇ ရာခိုင္ႏႈန္းသာ ေဆး႐ံုတြင္ေနရာေပးႏိုင္ ေတာ့ေၾကာင္း ဆိုးလ္ၿမိဳ႕မွ အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈဆိုင္ရာအရာ႐ွိ ပတ္ယိုမီကေျပာသည္။
 
ေနရာျပတ္လပ္ေနမႈကိုျဖည့္တင္းႏိုင္ရန္ ကုန္တင္ပို႔ရာတြင္အသံုးျပဳသည့္ကုန္ေသတၱာႀကီးမ်ားကို အေရးေပၚေဆး႐ံုမ်ားအျဖစ္ျပဳျပင္ၿပီး စမ္းသပ္အသံုးျပဳႏိုင္ရန္ က်န္းမာေရးအာဏာပိုင္မ်ားက စီစဥ္ေနသည္။
 
ၿမိဳ႕ေတာ္ဆိုးလ္တြင္ ေရာဂါကူးစက္မႈႏႈန္းစိုးရိမ္စရာျဖစ္ေနၿပီး ၿမိဳ႕ေနလူထူထပ္သည့္ေဒသမ်ားတြင္ ေန႔စဥ္အမ်ားဆံုးျဖစ္ေနကာ ၿပီးခဲ့သည့္တပတ္အတြင္း အတည္ျပဳလူနာ ၃၀၀၀ ေက်ာ္တိုးလာသည္။
 
ၾကာသပေတးေန႔တြင္ ေတာင္ကိုရီးယားႏိုင္ငံ၌ အတည္ျပဳလူနာ ၆၈၂ ေယာက္ထပ္တိုးခဲ့ၿပီး ေသဆံုးသူ ၈ ေယာက္ထပ္တိုးခဲ့သည္။
 
ထိုပမာဏသည္ လက္႐ွိကူးစက္မႈျမင့္မားေနသည့္အေနာက္ႏိုင္ငံမ်ားႏွင့္ယွဥ္ပါက နည္းေသာ္လည္း မတ္လတြင္စံခ်ိန္တင္ခဲ့သည့္ တေန႔တာကူးစက္မႈပမာဏကိုမွီရန္ နီးကပ္ေနသည္။
 
Ref : South Korea builds emergency-shipping container hospital as Covid-19 third wave threatens to overwhelm medical capacity
 
#PeopleMedia
 
(unicode)
ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတတိယလှိုင်းက ခြိမ်းခြောက်နေသဖြင့် တောင်ကိုရီးယားတွင် အလွယ်တကူရွှေ့ပြောင်းနိုင်သည့်ကုန်သေတ္တာဆေးရုံများ တည်ဆောက်နေ
……………………………………………………….
 
ဆိုးလ်၊ ဒီဇင်ဘာ ၁၁
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတတိယလှိုင်းကိုရင်ဆိုင်ရန် အရံဆေးရုံများတည်ဆောက်နေပြီး အကျပ်အတည်း ဆိုက်နေသည့်အခြေအနေသို့ရောက်နေကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးက ကြာသပတေး နေ့တွင်ပြောသည်။
 
မကြာမီ တောင်ကိုရီးယားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်ပမာဏ အကန့်အသတ်ရှိလာတော့မည်ဖြစ်ပြီး အန္တရာယ်များနေကြောင်း ဝန်ကြီး ပတ်နမ်ဟူကပြောသည်။
 
ကူးစက်မှုနှောင့်နှေးစေရန်ရနိုင်သမျှရင်းမြစ်များအားလုံးစုဆောင်းရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်များ ပိုမိုဖန်တီးပေးရန် ဦးစားပေးနေကြောင်းလည်း အသိပေးသည်။
 
စိုးရိမ်ရသည့်ဖြစ်ရပ် ၃ ရာခိုင်နှုန်းနှင့် လူနာအားလုံးအတွက် ၁၇ ရာခိုင်နှုန်းသာ ဆေးရုံတွင်နေရာပေးနိုင် တော့ကြောင်း ဆိုးလ်မြို့မှ အသွားအလာကန့်သတ်စောင့်ကြည့်မှုဆိုင်ရာအရာရှိ ပတ်ယိုမီကပြောသည်။
 
နေရာပြတ်လပ်နေမှုကိုဖြည့်တင်းနိုင်ရန် ကုန်တင်ပို့ရာတွင်အသုံးပြုသည့်ကုန်သေတ္တာကြီးများကို အရေးပေါ်ဆေးရုံများအဖြစ်ပြုပြင်ပြီး စမ်းသပ်အသုံးပြုနိုင်ရန် ကျန်းမာရေးအာဏာပိုင်များက စီစဉ်နေသည်။
 
မြို့တော်ဆိုးလ်တွင် ရောဂါကူးစက်မှုနှုန်းစိုးရိမ်စရာဖြစ်နေပြီး မြို့နေလူထူထပ်သည့်ဒေသများတွင် နေ့စဉ်အများဆုံးဖြစ်နေကာ ပြီးခဲ့သည့်တပတ်အတွင်း အတည်ပြုလူနာ ၃၀၀၀ ကျော်တိုးလာသည်။
 
ကြာသပတေးနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ အတည်ပြုလူနာ ၆၈၂ ယောက်ထပ်တိုးခဲ့ပြီး သေဆုံးသူ ၈ ယောက်ထပ်တိုးခဲ့သည်။
 
ထိုပမာဏသည် လက်ရှိကူးစက်မှုမြင့်မားနေသည့်အနောက်နိုင်ငံများနှင့်ယှဉ်ပါက နည်းသော်လည်း မတ်လတွင်စံချိန်တင်ခဲ့သည့် တနေ့တာကူးစက်မှုပမာဏကိုမှီရန် နီးကပ်နေသည်။
 
Ref : South Korea builds emergency-shipping container hospital as Covid-19 third wave threatens to overwhelm medical capacity
 
#PeopleMedia

Share this post