• Follow Us on

Home ကျန်းမာရေးနှင့်အားကစားဝန်ကြီး အမိန့်အသစ်အရ လူ၁၀ယောက်ကျော်စုဝေးခွင့်ရပြီ


Share this post

ရန်ကန်ု၊ ဇူလိုင်၃၀





#peoplemedia

(Unicode)
ကျန်းမာရေးနှင့်အားကစားဝန်ကြီး အမိန့်အသစ်အရ လူ၁၀ယောက်ကျော်စုဝေးခွင့်ရပြီ
===========================

ရန်ကန်ု၊ ဇူလိုင်၃၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ၇၉/၂၀၂၀ အရလူ၁၅ဦးထက်ပို၍ စုဝေးခြင်းမပြုရဟု အမိန့်ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။

ဇူလိုင်၂၉ရက်တွင်အဆိုပါအမိန့်ကိုထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်အရ အမိန့်အမှတ် ၅၆/၂၀၂၀တို့ဖြင့် ၅ဦးထက်ပို၍ လူစုလူဝေးမပြုရဟုထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ အထက်ပါအမိန့်အား ၁၅ဦးဖြစ်စေ၊၁၅ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာ၁၂ရက်မှစတင်ကာတရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ကူးစက်ဖြစ်ပွားသည့် covid 19ကပ်ရောဂါသည်နိုင်ငံပေါင်းတစ်ရာကျော်သို့ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၃၅၂ဦး၊ကုသမှုခံယူပြီးရောဂါပိုးပြန်လည်ကင်းစင်လာသူ ၂၉၄ဦး၊သေဆုံးသူ၆ဦးရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါသည် ကိုယ်အပူချိန်မြင့်မားခြင်း၊ချောင်းခြောက်ဆိုးခြင်း၊အနံ့၊အရသာမသိရှိခြင်း၊ အသက်ရှုကြပ်ခြင်း၊ဝမ်းလျောခြင်း စသည့်ရောဂါလက္ခဏတို့ဖြစ်ပွားပြီး မြန်မာနိုင်ငံတွင်ရောဂါပိုးကူးစက်ခံရသူ၆၀ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်းပြောကြားထားသည်။

#peoplemedia


Share this post