• Follow Us on

Home က်ပ္သိန္းေပါင္း ခုႏွစ္ေထာင္ ကုန္က်ခံ၍ တည္ေဆာက္ထားသည့္ ျမစ္ကမ္းထိန္းနံရံ တစ္ႏွစ္မျပည့္မွီၿပိဳက်၊ လုပ္ပုိင္ခြင့္ရသူမ်ားကုိ အေရးယူရန္ လႊတ္ေတာ္အမတ္ ဝန္ႀကီးဌာနသုိ႔တင္ျပ

က်ပ္သိန္းေပါင္း ခုႏွစ္ေထာင္ ကုန္က်ခံ၍ တည္ေဆာက္ထားသည့္ ျမစ္ကမ္းထိန္းနံရံ တစ္ႏွစ္မျပည့္မွီၿပိဳက်၊ လုပ္ပုိင္ခြင့္ရသူမ်ားကုိ အေရးယူရန္ လႊတ္ေတာ္အမတ္ ဝန္ႀကီးဌာနသုိ႔တင္ျပ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၉

စစ္ကုိင္းတုိင္းေဒသႀကီး၊ ေမာ္လုိက္ၿမိဳ႕နယ္၊ေမာ္လုိက္ကေလးေက်းရြာရွိ ျမစ္ကမ္းထိန္းနံရံကုိ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္၌ က်ပ္သန္းေပါင္း ခုႏွစ္ေထာင္ အကုန္က်ခံ၍ တည္ေဆာက္ခဲ့ေသာ္လည္း အဆုိပါ ကမ္းထိန္းနံရံသည္ တစ္ႏွစ္မျပည့္မွီ ျပိဳက်ခဲ့ပါတယ္။

အဆုိပါ ျဖစ္စဥ္ေၾကာင့္ ေမာ္လုိက္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္က စီမံကိန္းတည္ေဆာက္မႈ အေရအေသြးမျပည့္မွီလွ်င္ လုပ္ပုိင္ခြင့္ရသူကုိ အေရးယူရန္ ျပည္ေထာင္စုအစုိးရသုိ႔ တုိင္ၾကားခဲ့ပါတယ္။

“ဘယ္လိုျဖစ္လို႔ျပဳိသြားလဲဆိုေတာ့အေၾကာင္းကေတာ့အမ်ားႀကီးေပါ့ေလ။သူတို႔ရဲ႔ တည္ေဆာက္မႈပုံစံက ကြ်န္မတို႔ရဲ႕ေျမျပင္အေနအထားနဲ႔မကိုက္ညီတာလည္းပါတာေပါ့။ ကြ်န္မထင္တာေတာ့ အရည္အေ သြးပိုင္းမွာလည္း အားနည္းတယ္လို႔ထင္တယ္။ ဒီေျမထိန္းနံရံအထက္မွာ ေရကာတန္းကို႐ိုက္ဖို႔ ရြာက လူေတြကသေဘာမတူဘူး။ အဲဒီမွာရွိတဲ့ဆိုက္ အင္ဂ်င္နီယာကလည္းေရကာတန္းကိုမ႐ိုက္ဘူး။ ေရကာ တန္းဆိုတာေရကိုကန္႔လန္႔ခံထားတဲ့ဟာေပါ့။တိုင္းကၫႊန္မွဴးတစ္ေယာက္ကလာၿပီး အထက္ကခ်ထား တဲ့အတိုင္း ဒီဇိုင္းအတိုင္းလုပ္ရမယ္။ ရြာသားေတြေျပာတဲ့အတိုင္း မလုပ္ရဘူးဆိုၿပီးေျပာသြားတယ္။ အဲဒီမွာေရကာတန္းေဆာက္ေတာ့ကေရက ဝဲျပန္ၿပီး နံရံကိုျပန္ထိုးတာေပါ့။ အဓိက ဒီဇိုင္းေၾကာင့္ပဲ။ အခု ကြ်န္မအထက္အဆင့္ဆင့္ကို တင္ျပထားတယ္။ တင္ျပထားတယ္ဆိုကတည္းက စစ္ေဆးေပးဖို႔ အေရးယူေပးဖို႔လည္းပါပါတယ္” ေဒၚခ်ဳိခ်ဳိဝင္း(ေမာ္လုိက္ျမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္)ကေျပာပါတယ္။

အဆိုပါ စစ္ကိုင္းတိုင္းေဒသႀကီး ေမာ္လိုက္ျမဳိ႔နယ္ ေမာ္လိုက္ကေလးေက်းရြာ ျမစ္ထိန္းနံရံမွာ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ခြင့္ျပဳရန္ပုံေငြ က်ပ္သန္း၇၀၀ (သိန္းခုႏွစ္ေထာင္)နီးပါး အကုန္အက်ခံတည္ေဆာက္ၿပီးစီးခဲ့ကာ ၂၀၂၀ခုႏွစ္ၾသဂုတ္လ ၁ရက္ေန႔တြင္ စတင္ျပဳိက်ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္ထိ ျပဳိက်မႈမ်ား ထပ္ေပၚလ်က္ရွိပါ တယ္။

“ဒါကို သူ႔၀န္ႀကီးဌာနကိုတင္ျပေတာ့ အခုအေရးေပၚအေျခအေနအတြက္လိုအပ္တာေတြေတာ့ လာေဆာင္ရြက္ ေနပါၿပီ။ အဓိကျဖစ္တာ ေဒသခံေတြနဲ႔ ဌာနဆိုင္ရာ ကပူးေပါင္းေဆာင္ရြက္မႈအားနည္းတာလို႔ျမင္ပါတယ္။ ဒါက ဒီေနရာတစ္ခုတည္းမဟုတ္ပါဘူး။ ကြ်န္မတို႔ဆီမွာေနရာတိုင္းျဖစ္ေနတာပါ’’ဟု ေမာ္လိုက္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳ၀င္းက ေျပာပါတယ္။

#PeopleMedia #ေမာ္လုိက္

(unicode)
ကျပ်သိန်းပေါင်း ခုနှစ်ထောင် ကုန်ကျခံ၍ တည်ဆောက်ထားသည့် မြစ်ကမ်းထိန်းနံရံ တစ်နှစ်မပြည့်မှီပြိုကျ၊ လုပ်ပိုင်ခွင့်ရသူများကို အရေးယူရန် လွှတ်တော်အမတ် ဝန်ကြီးဌာနသို့တင်ပြ
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊မော်လိုက်ကလေးကျေးရွာရှိ မြစ်ကမ်းထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ခုနှစ်ထောင် အကုန်ကျခံ၍ တည်ဆောက်ခဲ့သော်လည်း အဆိုပါ ကမ်းထိန်းနံရံသည် တစ်နှစ်မပြည့်မှီ ပြိုကျခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် မော်လိုက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စီမံကိန်းတည်ဆောက်မှု အရေအသွေးမပြည့်မှီလျှင် လုပ်ပိုင်ခွင့်ရသူကို အရေးယူရန် ပြည်ထောင်စုအစိုးရသို့ တိုင်ကြားခဲ့ပါတယ်။

“ဘယ်လိုဖြစ်လို့ပြိုသွားလဲဆိုတော့အကြောင်းကတော့အများကြီးပေါ့လေ။သူတို့ရဲ့ တည်ဆောက်မှုပုံစံက ကျွန်မတို့ရဲ့မြေပြင်အနေအထားနဲ့မကိုက်ညီတာလည်းပါတာပေါ့။ ကျွန်မထင်တာတော့ အရည်အ ေသွးပိုင်းမှာလည်း အားနည်းတယ်လို့ထင်တယ်။ ဒီမြေထိန်းနံရံအထက်မှာ ရေကာတန်းကိုရိုက်ဖို့ ရွာက လူတွေကသဘောမတူဘူး။ အဲဒီမှာရှိတဲ့ဆိုက် အင်ဂျင်နီယာကလည်းရေကာတန်းကိုမရိုက်ဘူး။ ရေကာ တန်းဆိုတာရေကိုကန့်လန့်ခံထားတဲ့ဟာပေါ့။တိုင်းကညွှန်မှူးတစ်ယောက်ကလာပြီး အထက်ကချထား တဲ့အတိုင်း ဒီဇိုင်းအတိုင်းလုပ်ရမယ်။ ရွာသားတွေပြောတဲ့အတိုင်း မလုပ်ရဘူးဆိုပြီးပြောသွားတယ်။ အဲဒီမှာရေကာတန်းဆောက်တော့ကရေက ဝဲပြန်ပြီး နံရံကိုပြန်ထိုးတာပေါ့။ အဓိက ဒီဇိုင်းကြောင့်ပဲ။ အခု ကျွန်မအထက်အဆင့်ဆင့်ကို တင်ပြထားတယ်။ တင်ပြထားတယ်ဆိုကတည်းက စစ်ဆေးပေးဖို့ အရေးယူပေးဖို့လည်းပါပါတယ်” ဒေါ်ချိုချိုဝင်း(မော်လိုက်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကပြောပါတယ်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် မော်လိုက်ကလေးကျေးရွာ မြစ်ထိန်းနံရံမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း၇၀၀ (သိန်းခုနှစ်ထောင်)နီးပါး အကုန်အကျခံတည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၀ခုနှစ်ဩဂုတ်လ ၁ရက်နေ့တွင် စတင်ပြိုကျခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြိုကျမှုများ ထပ်ပေါ်လျက်ရှိပါ တယ်။

“ဒါကို သူ့ဝန်ကြီးဌာနကိုတင်ပြတော့ အခုအရေးပေါ်အခြေအနေအတွက်လိုအပ်တာတွေတော့ လာဆောင်ရွက် နေပါပြီ။ အဓိကဖြစ်တာ ဒေသခံတွေနဲ့ ဌာနဆိုင်ရာ ကပူးပေါင်းဆောင်ရွက်မှုအားနည်းတာလို့မြင်ပါတယ်။ ဒါက ဒီနေရာတစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာနေရာတိုင်းဖြစ်နေတာပါ’’ဟု မော်လိုက် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောပါတယ်။

#PeopleMedia #မော်လိုက်


Share this post