• Follow Us on
Latest News

Home ကျပ်သိန်းနှစ်ထောင်ကျော် လုယူခံရမှုကြောင့် ကျောက်တော်မြို့ ဘဏ်မန်နေဂျာအပါအဝင် (၄)ဦး အမှုဖွင့်ခံရ


Share this post

စစ်တွေ၊ ဒီဇင်ဘာ – ၂




#PeopleMedia

(Unicode)
ကျပ်သိန်းနှစ်ထောင်ကျော် လုယူခံရမှုကြောင့် ကျောက်တော်မြို့ ဘဏ်မန်နေဂျာအပါအဝင် (၄)ဦး အမှုဖွင့်ခံရ
………………………………………………………

စစ်တွေ၊ ဒီဇင်ဘာ – ၂

ရခိုင်ပြည်နယ်ကျောင်တော်မြို့၌ ငွေကျပ်သိန်းနှစ်ထောင်ကျော် လုယူခံရမှုဖြစ်စဉ်ကြောင့် ဘဏ်မန်နေဂျာ အပါအဝင် ဝန်ထမ်းလေးဦးသည် မြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားခြင်းခံရသည်။

နိုဝင်ဘာ(၂၆)ရက်နေ့၌ ကျောက်တော်မြို့ရှိ စီးပွားရေးဘဏ်ဝန်ထမ်းများသည် ကျပ်သိန်းနှစ်ထောင်ကျော်ခန့်ရှိ ငွေသေတ္တာများကို မြို့နယ်ရဲစခန်းရှိ ငွေတိုက်သို့ သွားရောက်ပေးပို့စဉ်လမ်း၌ လုယက်ခြင်း ခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လက်ရှိအချိန်၌ မြို့နယ်ဘဏ်မန်နေဂျာ၊ ဒု-ဘဏ်မန်နေဂျာ၊ ငွေကိုင်နှင့် ညစောင့်ဝန်ထမ်း အပါအဝင် ဝန်ထမ်း(၄)ဦးသည် ကျောက်တော်မြို့နယ် ရဲစခန်း၌ လုယက်မှုဥပဒေပုဒ်မ ၃၉၄/၁၁၄ဖြင့် အမှုဖွင့်ခံ ခဲ့ရသည်။

#PeopleMedia


Share this post