• Follow Us on

Home က်ပ္သိန္း ၂၇၀ တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္၊ စားသုံးရန္မသင့္သည့္ အသားတုမ်ား ဖ်က္ဆီး

က်ပ္သိန္း ၂၇၀ တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္၊ စားသုံးရန္မသင့္သည့္ အသားတုမ်ား ဖ်က္ဆီး

Share this post

လားရိႈး၊ ဇန္နဝါရီ ၁၇

လားရႈိးၿမိဳ႕ေရွာင္လမ္းေပၚမွာဖမ္းဆီးရမိခဲ့ေသာ က်ပ္သိန္း ၂၇၀ တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္စားသုံးရန္ မသင့္ သည့္ ေအးခဲအသားတု ၁၈၀၀၀ ကီလိုကို လားရွိးၿမိဳ႕ရွိ အမႈိက္စခန္းတြင္ မီးရႈိ႕ဖ်က္ဆီးျခင္းကို ဇန္န၀ါရီလ ၁၆ ရက္ေန႔ကျပဳလုပ္ခဲ့ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက သိရသည္။

ဇန္နဝါရီလ ၁၁ ရက္ေန႔က လားရႈိးၿမိဳ႕ ေရွာင္လမ္းမွာ မူဆယ္ၿမိဳ႕ဖက္က မႏၲေလးၿမိဳ႕ဖက္ကို ေမာင္းလာေသာ ေမာ္ေတာ္ယာဥ္ ၂ စီးေပၚက သိမ္းဆီးရမိလိုက္တာ ျဖစ္ပါတယ္။ ေအးခဲအသားတု ၁၈၀၀၀ ကီလိုဂရမ္ တန္ဖိုး အားျဖင့္ ေငြက်ပ္သိန္း ၂၇၀ တန္ဖိုးရွိေၾကာင္း၊ ေအးခဲအသားတုမ်ားျဖစ္တာမို႔ ပုတ္သိုးပ်က္စီးေနသည့္အတြက္ မီးရႈိ႕ၿပီး ယင္းအသားတု တင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္ ၂ စီးကို အေကာက္ခြန္ဥပေဒအရ အေရးယူ ထားသည္ဟု လားရႈိးၿမိဳ႕ရွိ အေကာက္ခြန္ဦးစီးဌာနတာဝန္ရွိသူကေျပာသည္။

မီးရႈိ႕ဖ်က္ဆီးလိုက္သည့္စားသုံးရန္မသင့္သည့္ေအးခဲအသားတုမ်ားမွာ တ႐ုတ္ႏိုင္ငံဖက္မွ တရားမဝင္ တင္သြင္း လာတာျဖစ္ၿပီး အစပ္ေခ်ာင္းမ်ား၊ ပင္လယ္စာမ်ား၊ ၾကက္အူေခ်ာင္းမ်ား၊ ၾကက္သားအေကာင္လိုက္၊ ၾကက္ အသားလႊာ၊ ၾကက္ဖင္ဆီဖူးထုတ္မ်ားႏွင့္ ဘဲအေကာင္လိုက္ပါကင္ထုတ္မ်ားျဖစ္ေၾကာင္း အဆိုပါအရာရွိက ဆက္ ေျပာသည္။

မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ဓါတုပစၥည္းေတြ သယ္ေဆာင္လာမည္ဟူေသာ သတင္းအရဌာနဆိုင္ ရာ အဖြဲ႕စုံက လားရႈိးၿမိဳ႕ေရွာင္လမ္းတြင္ ဇန္နာဝါရီလ ၁၁ ရက္ေန႔က သြားေရာက္ေစာင့္ဆိုင္းေနစဥ္ အဆို ပါေမာ္ေတာ္ယာဥ္ ၂ စီးမွာ တားျမစ္ထားသည့္ ဓါတုေဆးမ်ား တင္ေဆာင္လာျခင္းမဟုတ္ဘဲ စားသုံးရန္ မသင့္သည့္ တ႐ုတ္ႏိုင္ငံလုပ္ေအးခဲအသားတုမ်ားကို တင္ေဆာင္လာသည့္အတြက္ တားဆီးကာအေရးယူျခင္း ျဖစ္သည္။

လားရႈိးၿမိဳ႕တြင္ တရားမဝင္တင္သြင္းလာသည့္ စားသုံးရန္မသင့္သည့္ တ႐ုတ္ႏိုင္ငံလုပ္ေအးခဲအသားတုမ်ား ဖ်က္ဆီးျခင္းမွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႔က တန္ဖိုးက်ပ္ ၂၄ သိန္းခန္႔ကို ပထမအႀကိမ္မီးရႈိ႕ဖ်က္ဆီးခဲ့သည္ဟု သိရသည္။
Juno

#PeopleMedia #လားရႈိး #အသားတု

(Unicode)
ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ်၊ စားသုံးရန်မသင့်သည့် အသားတုများ ဖျက်ဆီး
………………………………………………………

လားရှိုး၊ ဇန်နဝါရီ ၁၇

လားရှိုးမြို့ရှောင်လမ်းပေါ်မှာဖမ်းဆီးရမိခဲ့သော ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ်စားသုံးရန် မသင့် သည့် အေးခဲအသားတု ၁၈၀၀၀ ကီလိုကို လားရှိးမြို့ရှိ အမှိုက်စခန်းတွင် မီးရှို့ဖျက်ဆီးခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က လားရှိုးမြို့ ရှောင်လမ်းမှာ မူဆယ်မြို့ဖက်က မန္တလေးမြို့ဖက်ကို မောင်းလာသော မော်တော်ယာဉ် ၂ စီးပေါ်က သိမ်းဆီးရမိလိုက်တာ ဖြစ်ပါတယ်။ အေးခဲအသားတု ၁၈၀၀၀ ကီလိုဂရမ် တန်ဖိုး အားဖြင့် ငွေကျပ်သိန်း ၂၇၀ တန်ဖိုးရှိကြောင်း၊ အေးခဲအသားတုများဖြစ်တာမို့ ပုတ်သိုးပျက်စီးနေသည့်အတွက် မီးရှို့ပြီး ယင်းအသားတု တင်ဆောင်လာသော မော်တော်ယာဉ် ၂ စီးကို အကောက်ခွန်ဥပဒေအရ အရေးယူ ထားသည်ဟု လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူကပြောသည်။

မီးရှို့ဖျက်ဆီးလိုက်သည့်စားသုံးရန်မသင့်သည့်အေးခဲအသားတုများမှာ တရုတ်နိုင်ငံဖက်မှ တရားမဝင် တင်သွင်း လာတာဖြစ်ပြီး အစပ်ချောင်းများ၊ ပင်လယ်စာများ၊ ကြက်အူချောင်းများ၊ ကြက်သားအကောင်လိုက်၊ ကြက် အသားလွှာ၊ ကြက်ဖင်ဆီဖူးထုတ်များနှင့် ဘဲအကောင်လိုက်ပါကင်ထုတ်များဖြစ်ကြောင်း အဆိုပါအရာရှိက ဆက် ပြောသည်။

မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ဓါတုပစ္စည်းတွေ သယ်ဆောင်လာမည်ဟူသော သတင်းအရဌာနဆိုင် ရာ အဖွဲ့စုံက လားရှိုးမြို့ရှောင်လမ်းတွင် ဇန်နာဝါရီလ ၁၁ ရက်နေ့က သွားရောက်စောင့်ဆိုင်းနေစဉ် အဆို ပါမော်တော်ယာဉ် ၂ စီးမှာ တားမြစ်ထားသည့် ဓါတုဆေးများ တင်ဆောင်လာခြင်းမဟုတ်ဘဲ စားသုံးရန် မသင့်သည့် တရုတ်နိုင်ငံလုပ်အေးခဲအသားတုများကို တင်ဆောင်လာသည့်အတွက် တားဆီးကာအရေးယူခြင်း ဖြစ်သည်။

လားရှိုးမြို့တွင် တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သည့် တရုတ်နိုင်ငံလုပ်အေးခဲအသားတုများ ဖျက်ဆီးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တန်ဖိုးကျပ် ၂၄ သိန်းခန့်ကို ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
Juno

#PeopleMedia #လားရှိုး #အသားတု


Share this post