• Follow Us on

Home ကျိုက်ထိုမြို့နယ်တွင် ၆ ဘီး ကွန်တိန်နာဘောက်ယာဉ်ပေါ်မှ ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ   မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုက်ထိုမြို့နယ်တွင် ၆ ဘီး ကွန်တိန်နာဘောက်ယာဉ်ပေါ်မှ ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ   မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ်  ၁၅

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၆ ဘီး ကွန်တိန်နာဘောက်ယာဉ်ပေါ်မှ ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရ သည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပဲခူးမှ မော်လမြိုင် ဘက်သို့ ဘိုဘို (၃၇) နှစ် မောင်းနှင်လာသည့် ISUZU ၆ ဘီး ကွန်တိန်နာဘောက်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုနှင့် ကတ်တမင်း ၇၉၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊  သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်(မြောက်ပိုင်း)မှ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post