• Follow Us on
Latest News

Home ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်နှင့် ဆေးခန်းအား ချိတ်ပိတ်ခံရ

ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်နှင့် ဆေးခန်းအား ချိတ်ပိတ်ခံရ

Share this post

ကျိုက်ထို၊ ဒီဇင်ဘာ ၂၃ (People Media)

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် နေအိမ်နှင့် ဆေး ခန်းသည် ဒီဇင်ဘာ ၂၂ ရက်နေ့က ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံက သိရပါတယ်။

 

ဒီဇင်ဘာ ၂၂ ရက်နေ့က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကုန်သည်လမ်းရှိ ဒေါက်တာခင်ဆောင်၏ နေအိမ် နှင့် ဆေးခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

“မနေ့က အပိတ်ခံရတာက ကျွန်တော်တို့ အရှေ့ရပ်ကွက်က ဒေါက်တာခင်ဆောင်တို့ အိမ်ပဲကြားပါတယ်။ အခြားသူတွေတော့ မကြားသေးဘူး။ သူအိမ်က လူမရှိဘူး၊ ဆေးခန်းကလည်း ပိတ်ထားတာက ကြာနေပါပြီ” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

လက်ရှိအချိန်၌ NLD ပါတီ ထိပ်ပိုင်းခေါင်ဆောင်များ၊ NLD ပါတီ၏ အစိုးရအဖွဲ့ဝင်ဟောင်းများ လွှတ်တော်ကိုယ် စားလှယ်များ NLD ပါတီဝင်များအပါအဝင် လုပ်ငန်းရှင်များသည် CRPH/NUG/PDF အဖွဲ့များနှင့် ပတ်သက်မှု ကြောင့် နေအိမ်နှင့် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခံရလျက်ရှိနေပါတယ်။

 

#PeopleMedia #ပြည်နယ်လွှတ်တော် #NLD #နေအိမ်ချိတ်ပိတ် #မွန်ပြည်နယ်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post