• Follow Us on

Home ကျိုက်ထိုမြို့ရှိ ကျေးရွာဆေးပေးခန်းအတွင်းသို့ ဗုံးပစ်သွင်းခံရ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

ကျိုက်ထိုမြို့ရှိ ကျေးရွာဆေးပေးခန်းအတွင်းသို့ ဗုံးပစ်သွင်းခံရ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (People Media)

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးခန်းတွင် ဗုံးပစ်သွင်းခံရပြီး  ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အဆိုပါကျေးလက်ကျန်းမာရေးဆေးခန်း၌ သားဖွား ဆရာမ ဒေါ်မိုးသန္တာရှိနေစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးမှ ရွာအဝင်ကွန်ကရစ်လမ်းအတိုင်း အကြမ်း ဖက်သူအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဆေးခန်းခြံစည်းရိုးအတွင်း ဝင်ရောက်၍ လက်ပစ်ဗုံး ဖြင့် ပစ်ပေါက်ထွက်ပြေးသွားရာ ဆေးခန်း၏မီးဖိုခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

 

ထိုသို့ပေါက်ကွဲမှုကြောင့် ဆေးခန်းအတွင်းရှိ အဝတ်အစားဗီရိုတစ်လုံး၊ အိပ်ခန်းတံခါးပျက်စီးခဲ့ပြီး လူထိ ခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

 

#PeopleMedia #ကျိုက်ထို

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post