• Follow Us on

Home ကျိုက်ထိုမြို့၊ ကင်မွန်းစခန်းကျေးရွာ၊ ရာအိမ်မှူး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခံရ၍ သေဆုံး

ကျိုက်ထိုမြို့၊ ကင်မွန်းစခန်းကျေးရွာ၊ ရာအိမ်မှူး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာ၌ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ကျေးရွာ ရာအိမ်မှူး ဦးဟန်ထွန်းသည် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ယင်း ကျေးရွာနေထိုင်သူများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ကင်မွန်းစခန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးဟန်ထွန်း နေအိမ်၌ ရှိနေစဉ် အမည်မသိ လူတစ်စုမှ ဆိုင်ကယ်များဖြင့် လာရောက်၍ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးဆိုသူမှာ ရရှိသည့်ဒဏ်ရာများကြောင့် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူအား သက်ဆိုင်ရာမှ လာရောက်စစ်ဆေးပြီး၊ ကျိုက်ထို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ကျိုက်ထိုမြို့

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post