• Follow Us on

Home က်ိဳက္မေရာၿမိဳ႕နယ္၌ ျပည္သူ႔ပါတီကုိယ္စားလွယ္ေလာင္း၏ ေအာင္ႏုိင္ေရးဆုိင္းဘုတ္ကုိ ၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒၏သားျဖစ္သူမွ ဖ်က္စီး၊ ဖ်က္စီးသူကုိ ဥပေဒအရအေရးယူရန္ စီစဥ္ေနေၾကာင္း ျပည္သူ႔ပါတီ ကုိယ္စား လွယ္ေလာင္းေျပာဆုိ

က်ိဳက္မေရာၿမိဳ႕နယ္၌ ျပည္သူ႔ပါတီကုိယ္စားလွယ္ေလာင္း၏ ေအာင္ႏုိင္ေရးဆုိင္းဘုတ္ကုိ ၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒၏သားျဖစ္သူမွ ဖ်က္စီး၊ ဖ်က္စီးသူကုိ ဥပေဒအရအေရးယူရန္ စီစဥ္ေနေၾကာင္း ျပည္သူ႔ပါတီ ကုိယ္စား လွယ္ေလာင္းေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၅
 
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၌ ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္း၏ ေအာင္ႏုိင္ေရးဆိုင္းဘုတ္ကို ၿမိဳ႕နယ္ NLD ပါတီဥကၠ႒သားျဖစ္သူမွ လာေရာက္ဖ်က္စီးခဲ့ၿပီး က်ဳးလြန္သူကုိ ဥပေဒအရ စီစဥ္သြားမယ္လုိ႔ က်ဳိက္မ ေရာၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းဦးေက်ာ္ေက်ာ္စုိး(ျပည္သူ႔ပါတီ)က ေျပာပါတယ္။
 
လာေရာက္ဖ်က္ဆီးခဲ့သည့္ လူပုဂၢိဳလ္၏ မွတ္တမ္းဓာတ္ပုံအား ရရွိထားၿပီး အမႈဖြင့္နိုင္ေရးကိုလဲ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ ေက်ာ္စုိး(ျပည္သူ႔ပါတီ)က ေျပာပါတယ္။
 
“လာၿပီးေတာ့ ဖ်က္စီးတဲ့သူက အရပ္အေခၚကေတာ့ ေစာဟဲ ဆက္စပ္တာ မဆက္စပ္တာေတာ့ မသိဘူး ေစာဟဲရဲ႕ အေဖကေတာ့ NLD ပါတီ ၿမိဳ႕နယ္ပါတီဥကၠ႒ ျဖစ္ပါတယ္” ဟု ဦးေက်ာ္ေက်ာ္စိုးကေျပာပါတယ္။
 
“ဘယ္လိုအေၾကာင္းနဲ႔ပဲျဖတ္ျဖတ္ ကြၽန္ေတာ္တို႔ ပါတီစုံဒီမိုကေရစီစနစ္မွာေတာ့ ပါတီတစ္ခုခုနဲ႔တစ္ခုက တရားေသာ ယွဥ္ၿပိဳင္မႈနဲ႔ပဲ ယွဥ္ၿပိဳင္သင့္တယ္။ အခုလိုမ်ိဳးျဖစ္တာကေတာ့ စိတ္မေကာင္းပါဘူး” ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္စိုးက ေျပာပါတယ္။
 
ယခုျဖစ္ပြားခဲ့ေသာကိစၥရပ္ လူငယ္အခ်င္းခ်င္း မေက်နပ္ရာမွ ျဖစ္ပြားခဲ့ေသာကိစၥရပ္ျဖစ္ၿပီး NLD ပါတီႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း NLD ပါတီ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္သူ ဦးေစာေက်ာ္ဝင္းေမာင္က ဆိုပါတယ္။
 
“သူတို႔အခ်င္းခ်င္းက အရင္ထဲက ျပႆနာရွိခဲ့ပုံေပၚပါတယ္၊ အဲ့ဒါေၾကာင့္ ျဖစ္တာပါ၊ ဒါက လူငယ္အခ်င္းခ်င္း ျဖစ္တဲ့ကိစၥပါ၊ ပါတီနဲ႔ေတာ့ ဘာမွေတာ့ မဆိုင္ပါဘူး”လုိ႔ NLD ပါတီ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္သူ ဦးေစာေက်ာ္ဝင္းေမာင္က ေျပာပါတယ္။
 
ထုိကဲ့သုိ႔ ျပည္သူ႔ပါတီ၏ ေအာင္ႏုိင္ေရးဆုိင္းဘုတ္ဖ်က္စီးခံခဲ့သည့္ ေစာဟဲဆိုသူအား ျပည္သူ႔ပါတီက က်ိဳက္မေရာၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒပုဒ္မ ၅၇ ျဖင့္ အမႈဖြင့္ထားပါတယ္။
 
#PeopleMedia #ျပည္သူ႔ပါတီ #NLD #က်ဳိက္မေရာၿမိဳ႕ #2020election
 
(Unicode)
ကျိုက်မရောမြို့နယ်၌ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေးဆိုင်းဘုတ်ကို မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၏သားဖြစ်သူမှ ဖျက်စီး၊ ဖျက်စီးသူကို ဥပဒေအရအရေးယူရန် စီစဉ်နေကြောင်း ပြည်သူ့ပါတီ ကိုယ်စား လှယ်လောင်းပြောဆို
………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၅
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေးဆိုင်းဘုတ်ကို မြို့နယ် NLD ပါတီဥက္ကဋ္ဌသားဖြစ်သူမှ လာရောက်ဖျက်စီးခဲ့ပြီး ကျုးလွန်သူကို ဥပဒေအရ စီစဉ်သွားမယ်လို့ ကျိုက်မ ရောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်ကျော်စိုး(ပြည်သူ့ပါတီ)က ပြောပါတယ်။
 
လာရောက်ဖျက်ဆီးခဲ့သည့် လူပုဂ္ဂိုလ်၏ မှတ်တမ်းဓာတ်ပုံအား ရရှိထားပြီး အမှုဖွင့်နိုင်ရေးကိုလဲ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော် ကျော်စိုး(ပြည်သူ့ပါတီ)က ပြောပါတယ်။
 
“လာပြီးတော့ ဖျက်စီးတဲ့သူက အရပ်အခေါ်ကတော့ စောဟဲ ဆက်စပ်တာ မဆက်စပ်တာတော့ မသိဘူး စောဟဲရဲ့ အဖေကတော့ NLD ပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဖြစ်ပါတယ်” ဟု ဦးကျော်ကျော်စိုးကပြောပါတယ်။
 
“ဘယ်လိုအကြောင်းနဲ့ပဲဖြတ်ဖြတ် ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်မှာတော့ ပါတီတစ်ခုခုနဲ့တစ်ခုက တရားသော ယှဉ်ပြိုင်မှုနဲ့ပဲ ယှဉ်ပြိုင်သင့်တယ်။ အခုလိုမျိုးဖြစ်တာကတော့ စိတ်မကောင်းပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးက ပြောပါတယ်။
 
ယခုဖြစ်ပွားခဲ့သောကိစ္စရပ် လူငယ်အချင်းချင်း မကျေနပ်ရာမှ ဖြစ်ပွားခဲ့သောကိစ္စရပ်ဖြစ်ပြီး NLD ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း NLD ပါတီ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစောကျော်ဝင်းမောင်က ဆိုပါတယ်။
 
“သူတို့အချင်းချင်းက အရင်ထဲက ပြဿနာရှိခဲ့ပုံပေါ်ပါတယ်၊ အဲ့ဒါကြောင့် ဖြစ်တာပါ၊ ဒါက လူငယ်အချင်းချင်း ဖြစ်တဲ့ကိစ္စပါ၊ ပါတီနဲ့တော့ ဘာမှတော့ မဆိုင်ပါဘူး”လို့ NLD ပါတီ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစောကျော်ဝင်းမောင်က ပြောပါတယ်။
 
ထိုကဲ့သို့ ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်ဖျက်စီးခံခဲ့သည့် စောဟဲဆိုသူအား ပြည်သူ့ပါတီက ကျိုက်မရောမြို့နယ် မြို့မရဲစခန်းမှ ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားပါတယ်။
 
#PeopleMedia #ပြည်သူ့ပါတီ #NLD #ကျိုက်မရောမြို့ #2020election

Share this post