• Follow Us on

Home ကျိုက်မရောမြို့၌ အမှိုက်ပုံးအတွင်းသို့ အမှိုက်လာပစ်သည့် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး မိုင်းပေါက်ကွဲ၍ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး လက်ချောင်းများ ပြတ်တောက်သွားခဲ့

ကျိုက်မရောမြို့၌ အမှိုက်ပုံးအတွင်းသို့ အမှိုက်လာပစ်သည့် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး မိုင်းပေါက်ကွဲ၍ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး လက်ချောင်းများ ပြတ်တောက်သွားခဲ့

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ (People Media)

 

ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ပင်လုံလမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းသို့ အမှိုက်လာပစ် သည့် အသက် (၈) နှစ်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးသည် အမှိုက်ပုံးအတွင်းသို့ အမှိုက်အိတ်ထည့်စဉ် မိုင်းပေါက်ကွဲ၍ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် (၆း၃၀) အချိန်၌ ကျိုက်မရောမြို့၊ ဘောလုံးကွင်းအနောက်လမ်းထောင့်၊ ပင်လုံလမ်းဆုံ အနီးရှိ အမှိုက်ပုံးအတွင်းသို့ အမှိုက်အိတ် လာရောက်ထည့်စဉ် အမှိုတ်ပုံးအတွင်းမှ မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ် သည်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media မှ မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “၆ နာရီ ၃၅ မိနစ်လောက်ရှိ တယ်။ အသက် (၈) နှစ်အရွယ်ကလေးမလေးက အမှိုက်လာပစ်တာ။ ဗုံးထောင်ထားတာ ကလေးကမသိဘူး။ ဗုံးပေါက်ကွဲပြီး အပြစ်မဲ့ကလေးတစ်ဦး ထိသွားတာ။ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ပြောသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ကလေးမှာ မျက်နှာတစ်ခြမ်း ပျက်စီးသွားပြီး၊ ညာဘက်လက်မရှိ လက်ချောင်းများနှင့် ဘယ်ဘက်လက်ရှိ လက်ချောင်းအချို့ ပျက်စီးခဲ့သည်။

 

ထိုထိခိုက်ဒဏ်ရာရရှိသည့် အသက် (၈) အရွယ်ကလေးမိန်းကလေးကို လူမှုကူညီရေးအဖွဲ့များနှင့် တာဝန်ရှိသူ များက ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

Photo – စောလင်းထွန်း

 

#PeopleMedia #ကျိုက်မရောမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 



Share this post