• Follow Us on

Home ကျိုက်မရောမြို့၌ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမကိုသတ်ပြီး ဆိုင်ကယ်လုခဲ့သူများ ဖမ်းဆီးရမိ

ကျိုက်မရောမြို့၌ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမကိုသတ်ပြီး ဆိုင်ကယ်လုခဲ့သူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

ပြီးခဲ့သည့် နှစ်လဝန်းကျင်ခန့်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ စံပယ်ဂူလမ်းဟောင်းရှိ မာလကာတံတား ပေါ်တွင် အသက် ၂၅ နှစ်ခန့်ရှိ ကျောင်းဆရာမတစ်ဦးကို သတ်ပြီး ဆိုင်ကယ်လုခဲ့သူ သုံးဦးကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ယင်းမြို့နယ်နေထိုင်သူများထံမှ သိရသည်။

 

ကျောင်းဆရာမကိုသတ်ပြီး ဆိုင်ကယ်လုယူတဲ့ တရားခံတွေကို မော်လမြိုင်ခရိုင် ရဲအုပ်အဖွဲ့က ဆိုင်ကယ်ကို လိုက်ရောင်းနေရာကနေ တရားခံများကို ခြေရာခံကာ ယနေ့မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နှစ်လဝန်းကျင်ခန့်က ညနေ ၄ နာရီ၌ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ အံကရဲကျေးရွာတွင် တာဝန်ကျ နေသော မုဒုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦးဟာ စံပယ်ဂူလမ်းဟောင်း မာလကာတံတားပေါ်တွင် ဆိုင်ကယ် ရော လူပါ ပျောက်ဆုံးခဲ့ပါတယ်။

 

အဆိုပါ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမအား မိသားစုဝင်များက အပူတပြင်းရှာဖွေနေခဲ့ရာ နောက်နေ့ မနက်မှာတော့ ဆရာမလေးရဲ့ အလောင်းကို ချောင်းတစ်ခုထဲတွင် မျောနေတာကို တွေ့ရှိခဲ့ရပြီး၊ သေဆုံးသူရဲ့ အလောင်းကို စစ်ဆေးခဲ့ရာ ဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ကျောင်းဆရာမကို သတ်ဖြတ်သူများသည် မော်လမြိုင်၊ ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သည့် အမျိုးသားသုံးဦး ဖြစ်ပြီး၊ လက်ရှိမှာတော့ ရဲတပ်ဖွဲ့မှ အသေးစိတ်စစ်ဆေးဆောင်ရွက်နေလျက်ရှိတယ်လို့ သိရပါတယ်။

 

#PeopleMedia #ကျိုတ်မရောမြို့ #လူသတ်မှု

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 



Share this post