• Follow Us on

Home ကျိုက်လတ်မြို့နယ်အတွင်း၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် တရားခံ (၂၁) ဦးကို လက်နက်ခဲ ယမ်းများနှင့် ဖမ်းဆီးရမိ

ကျိုက်လတ်မြို့နယ်အတွင်း၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် တရားခံ (၂၁) ဦးကို လက်နက်ခဲ ယမ်းများနှင့် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံ (၂၁) ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

 

တရားခံများ၏ ထွက်ဆိုချက်အရ နေနိုင်(ခ)ကိုသက် နှင့်အတူ ဇွန်လ ၁၂ ရက်တွင် ကျိုက်လတ်မြို့၊ (၁) ရပ်ကွက်ရှိ (အထက-၁) ကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ဇွန်လ ၂၉ ရက်တွင်၊ (၁) ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး(အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင်ဘက်၌ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ (၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်း၊ မြို့နယ်ပညာရေးမှူးရုံး အနောက်ဘက်စတိုခန်း ဘေး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ (၁)ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း ဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ထွဋ်နောင်ဦး(ခ)စီးဖိန်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ ၂ ဦးသည် အောက်တိုဘာလ ၃ ရက်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာရှိ မြို့အဝင် ဆိုင်းဘုတ်အနီး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊  အောက်တိုဘာလ ၁၀ ရက် တွင် ကျိုက်လတ်မြို့၊ (၂)ရပ်ကွက်၊ (၂)လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၃ လုံးအားလည်းကောင်း၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်နှင့် ဒူးရှည် တို့ ၂ ဦးသည် အောက်တို ဘာလ ၂၀ ရက်တွင် ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာရှိ Mytel တာဝါတိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်းနှင့်  ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး၊ ပေါင်း ၂၁ ဦးအား ပစ္စတို ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်လေသေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊ TNT ယမ်း ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သဉ္ဇာလင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေခြည်အေးမြင့်၊ ဂျစ်တူး(ခ)ဝေမာလွင်(ဘိုကလေးမြို့နယ်)နှင့် သန်းထိုက်ဦး (ကျိုက် လတ်မြို့နယ်)တို့မှ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် Mission များ သတ်မှတ်၍ ထောက်ပံ့ပေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

 

#PeopleMedia #ကျိုက်လတ်မြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post