• Follow Us on

Home က်ဳံေပ်ာ္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီေအာင္နိုင္ေရးဆိုင္းဘုတ္ဖ်က္ဆီးခဲ့သူအား ေရြးေကာက္ပြဲဥပေဒပုဒ္မ ၅၈(ဃ)ျဖင့္ အမႈဖြင့္

က်ဳံေပ်ာ္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီေအာင္နိုင္ေရးဆိုင္းဘုတ္ဖ်က္ဆီးခဲ့သူအား ေရြးေကာက္ပြဲဥပေဒပုဒ္မ ၅၈(ဃ)ျဖင့္ အမႈဖြင့္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၆

ဧရာ၀တီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီေအာင္နိုင္ေရးဆိုင္းဘုတ္ဖ်က္ဆီးခဲ့သူအား ေရြး ေကာက္ပြဲ ဥပေဒပုဒ္မ ၅၈(ဃ)ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း အေထာင္သိုက္ ျပည္ခိုင္ၿဖိဳးပါတီ နယ္ေျမတာ၀န္ခံ ဦးေမာင္ခိုင္မွ ေျပာသည္။

အဆိုပါ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ အ၀ိုင္းနင္းၾကမ္းအုပ္စု၊ လက္ပံပင္ဆိတ္(ေတာင္)ေက်းရြာရွိ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ေအာင္နိုင္ေရးဆိုင္းဘုတ္ကို အျခားပါတီ၀င္တစ္ဦးမွ နို၀င္ဘာ၂ ရက္ေန႔က ဖ်က္ဆီးခဲ့ ေၾကာင္း ၄င္းမွ ယခုလိုေျပာသည္။

“လက္ပံဆိတ္(ေတာင္) ရာအိမ္မွဴးက ဆိုင္းဘုတ္ဖ်က္တဲ့အေၾကာင္း လွမ္းဖုန္းဆက္တယ္။ ေျပာေတာ့ နယ္ေျမတာ၀န္ခံ ကၽြန္ေတာ္နဲ႔ ရပ္ေက်းဥကၠ႒ေခၚၿပီး သြားၾကည့္တယ္။ ေတြ႕ေတာ့ ရဲစခန္းသြားၿပီး အမႈ သြားဖြင့္တယ္။ အဲ့နားမွာရွိတဲ့သက္ေသေတြက ေစာေစာကမွ ဓားနဲ႔ခုတ္ၿပီး ဖ်က္ဆီးသြားတယ္ဆိုတာကို ေျပာလို႔သိတာ။ သြားတိုင္တုန္းက စခန္းမွဴးမရွိတဲ့အတြက္ အမႈမဖြင့္ေပးေသးဘူး။ ေနာက္ ၃ ရက္ေန႔မနက္မွ အမႈဖြင့္တယ္။ ေန႔လည္ေလာက္မွ တရားခံကိုဆင္းရွာတယ္။ တရားခံကအဲဒီအခ်ိန္မွာ ေရွာင္ေနတယ္။ ညေန ေစာင္းေတာ့မွ တရားခံကိုသြားေတြ႕တယ္။ ေလာေလာဆယ္ေတာ့ ရဲအာမခံေပးထားတယ္”ဟု ၄င္းမွေျပာသည္။

ဆက္လက္ၿပီး ပါတီေအာင္နိုင္ေရးဆိုင္းဘုတ္ဖ်က္ဆီးခဲ့သူအား အေထာင္နယ္ေျမရဲစခန္းတြင္ လႊတ္ေတာ္ ေရြးေကာက္ပြဲနည္းဥပေဒပါပုဒ္မ ပ/ ၅၈(ဃ)ျဖင့္အမႈဖြင့္ စစ္ေဆးခဲ့ၿပီး လတ္တေလာတြင္ ရဲအာမခံေပး ထားေၾကာင္း ဆိုသည္။

အလားတူ ေရြးေကာက္ပြဲေကာ္မရွင္မွ သက္ဆိုင္ရာလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒ ပုဒ္မ ၅၈(ဃ)အရ ဆႏၵ မဲေပးျခင္းပ်က္ျပား ေစရန္ျဖစ္ေစ၊ ေရြးေကာက္ပြဲပ်က္ျပားေစရန္ျဖစ္ေစ စည္းေ၀းေဟာေျပာျခင္း၊ လႈံ႕ေဆာ္ျခင္း၊ ေရးသားျခင္း၊ ျဖန႔္ခ်ိျခင္း၊ ပိုစတာမ်ား အသုံျပဳျခင္း(သို႔မဟုတ္)အျခားနည္းျဖင့္ အားထုတ္ႀကိဳးပမ္းျခင္းမျပဳရ၊ က်ဴးလြန္ပါက တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ က်ပ္တစ္သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ က်ခံရနိုင္သည္ဟု ထုတ္ျပန္ထားသည္။

#PeopleMedia #က်ဳံေပ်ာ္ၿမိဳ႕

(Unicode)
ကျုံပျော်မြို့တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူအား ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်
………………………………………………….

ရန်ကုန်၊ အောက်တိုဘာ – ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူအား ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း အထောင်သိုက် ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးမောင်ခိုင်မှ ပြောသည်။

အဆိုပါ ကျုံပျော်မြို့နယ်၊ အဝိုင်းနင်းကြမ်းအုပ်စု၊ လက်ပံပင်ဆိတ်(တောင်)ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို အခြားပါတီဝင်တစ်ဦးမှ နိုဝင်ဘာ၂ ရက်နေ့က ဖျက်ဆီးခဲ့ ကြောင်း ၄င်းမှ ယခုလိုပြောသည်။

“လက်ပံဆိတ်(တောင်) ရာအိမ်မှူးက ဆိုင်းဘုတ်ဖျက်တဲ့အကြောင်း လှမ်းဖုန်းဆက်တယ်။ ပြောတော့ နယ်မြေတာဝန်ခံ ကျွန်တော်နဲ့ ရပ်ကျေးဥက္ကဋ္ဌခေါ်ပြီး သွားကြည့်တယ်။ တွေ့တော့ ရဲစခန်းသွားပြီး အမှု သွားဖွင့်တယ်။ အဲ့နားမှာရှိတဲ့သက်သေတွေက စောစောကမှ ဓားနဲ့ခုတ်ပြီး ဖျက်ဆီးသွားတယ်ဆိုတာကို ပြောလို့သိတာ။ သွားတိုင်တုန်းက စခန်းမှူးမရှိတဲ့အတွက် အမှုမဖွင့်ပေးသေးဘူး။ နောက် ၃ ရက်နေ့မနက်မှ အမှုဖွင့်တယ်။ နေ့လည်လောက်မှ တရားခံကိုဆင်းရှာတယ်။ တရားခံကအဲဒီအချိန်မှာ ရှောင်နေတယ်။ ညနေ စောင်းတော့မှ တရားခံကိုသွားတွေ့တယ်။ လောလောဆယ်တော့ ရဲအာမခံပေးထားတယ်”ဟု ၄င်းမှပြောသည်။

ဆက်လက်ပြီး ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူအား အထောင်နယ်မြေရဲစခန်းတွင် လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါပုဒ်မ ပ/ ၅၈(ဃ)ဖြင့်အမှုဖွင့် စစ်ဆေးခဲ့ပြီး လတ်တလောတွင် ရဲအာမခံပေး ထားကြောင်း ဆိုသည်။

အလားတူ ရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈(ဃ)အရ ဆန္ဒ မဲပေးခြင်းပျက်ပြား စေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံပြုခြင်း(သို့မဟုတ်)အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းမပြုရ၊ ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်ဟု ထုတ်ပြန်ထားသည်။

#PeopleMedia #ကျုံပျော်မြို့


Share this post