• Follow Us on

Home က်ဴရွင္ မသင္ခိုင္းရျခင္းမွာ က်ဴရွင္ယူသည့္ကေလးႏွင့္မယူသည့္ကေလးတို႔ၾကားဆရာအခ်ိဳ႕ ဘက္လိုက္မႈ၊ ပစ္ပယ္မႈတို႔ရွိျခင္းေၾကာင့္ဟုဆို

က်ဴရွင္ မသင္ခိုင္းရျခင္းမွာ က်ဴရွင္ယူသည့္ကေလးႏွင့္မယူသည့္ကေလးတို႔ၾကားဆရာအခ်ိဳ႕ ဘက္လိုက္မႈ၊ ပစ္ပယ္မႈတို႔ရွိျခင္းေၾကာင့္ဟုဆို

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၄

က်ဴရွင္ မသင္ခိုင္းရျခင္းမွာ က်ဴရွင္ယူသည့္ကေလးႏွင့္မယူသည့္ကေလး တို႔ၾကားဆရာအခ်ိဳ႕ ဘက္လိုက္မႈ၊ပစ္ပယ္မႈတို႔ရွိျခင္းေၾကာင့္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္။

“ႏွစ္စဉ္ က်ဴရွင္မသင္ရဘူး။လက္မွတ္ထိုးတာေတာ့ ထိုးတာပါပဲ။ထိုးၿပီးေတာ့ တိုင္ခံရတာမရွိဘူးဆိုရင္ ဒီလိုပဲသင္ေနၾကတာေပါ႔။တကယ္လို႔မေက်နပ္လို႔တိုင္ရင္ေပါ႔။အခုလည္းမၾကာမၾကာတိုင္စာေတြဆရာတို႔ဆီေရာက္ပါတယ္။တိုင္စာက သင္တဲ့လူနဲ႔မသင္တဲ့လူၾကားမွာရွိတာနဲ႔သင္တဲ့လူအခ်င္းခ်င္းလုတာနဲ႔အဲဒီျပႆနာ ေတြေပါ႔။သင္ၿပီးေတာ့ မထိေရာက္ဘဲနဲ႔ေက်ာင္းသူ၊ေက်ာင္းသားေတြစိတ္ဓါတ္ေတြယိုယြင္းေအာင္လုပ္တဲ့ ဆရာ၊ဆရာမေတြတခ်ိဳ႕ကရွိတာေပါ႔။ဘက္လိုက္တာတို႔ ၊ႏွိပ္ကြက္တာတို႔၊သူ့က်ဴရွင္ကိုလာမတက္ရင္ ဒီကေလးကို ပစ္ပယ္တာမ်ိဳးတို႔ ဘက္လိုက္တာမ်ိဳးတို႔ ဒါမ်ိဳးေတြလုပ္တဲ့ဆရာ၊ဆရာမတခ်ိဳ႕ရွိေန တာေၾကာင့္မို႔လို႔ ေကာင္းတဲ့ဆရာ၊ဆရာမအမ်ားစုကေတာ့မခံမရပ္ႏိုင္ျဖစ္တာေပါ႔’’ဟု ၎ကေျပာသည္။

လက္ရွိတြင္ ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာန လက္ေအာက္ရွိ အေျခခံေက်ာင္းမ်ားအပါအ၀င္ အဆင့္ျမင့္ပညာဦးစီးဌာနေအာက္ရွိ တကၠသိုလ္ေက်ာင္းမ်ားတြင္ပါဆရာမ်ားအေနျဖင့္ က်ဴရွင္ သင္ခြင့္မျပဳ ေၾကာင္းသိရသည္။

ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ၿငိမ္း ေဒၚကတာေဒၚခင္စန္းရီလက္ထက္တြင္ ဆရာ၊ဆရာမ မ်ားအေနျဖင့္ ေက်ာင္းခ်ိန္ၿပိးဆုံးပါက မိမိတတ္ကြၽမ္းသည့္ပညာရပ္ျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳသည္ကို ခြင့္ျပဳေၾကာင္းသတင္းမီဒီယာမ်ားသို႔ေျပာၾကားခဲ့မႈတို႔ရွိသည္။

#PeopleMedia

(unicode)
ကျူရှင် မသင်ခိုင်းရခြင်းမှာ ကျူရှင်ယူသည့်ကလေးနှင့်မယူသည့်ကလေးတို့ကြားဆရာအချို့ ဘက်လိုက်မှု၊ ပစ်ပယ်မှုတို့ရှိခြင်းကြောင့်ဟုဆို
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၄

ကျူရှင် မသင်ခိုင်းရခြင်းမှာ ကျူရှင်ယူသည့်ကလေးနှင့်မယူသည့်ကလေး တို့ကြားဆရာအချို့ ဘက်လိုက်မှု၊ပစ်ပယ်မှုတို့ရှိခြင်းကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

“နှစ်စဉ် ကျူရှင်မသင်ရဘူး။လက်မှတ်ထိုးတာတော့ ထိုးတာပါပဲ။ထိုးပြီးတော့ တိုင်ခံရတာမရှိဘူးဆိုရင် ဒီလိုပဲသင်နေကြတာပေါ့။တကယ်လို့မကျေနပ်လို့တိုင်ရင်ပေါ့။အခုလည်းမကြာမကြာတိုင်စာတွေဆရာတို့ဆီရောက်ပါတယ်။တိုင်စာက သင်တဲ့လူနဲ့မသင်တဲ့လူကြားမှာရှိတာနဲ့သင်တဲ့လူအချင်းချင်းလုတာနဲ့အဲဒီပြဿနာ တွေပေါ့။သင်ပြီးတော့ မထိရောက်ဘဲနဲ့ကျောင်းသူ၊ကျောင်းသားတွေစိတ်ဓါတ်တွေယိုယွင်းအောင်လုပ်တဲ့ ဆရာ၊ဆရာမတွေတချို့ကရှိတာပေါ့။ဘက်လိုက်တာတို့ ၊နှိပ်ကွက်တာတို့၊သူ့ကျူရှင်ကိုလာမတက်ရင် ဒီကလေးကို ပစ်ပယ်တာမျိုးတို့ ဘက်လိုက်တာမျိုးတို့ ဒါမျိုးတွေလုပ်တဲ့ဆရာ၊ဆရာမတချို့ရှိနေ တာကြောင့်မို့လို့ ကောင်းတဲ့ဆရာ၊ဆရာမအများစုကတော့မခံမရပ်နိုင်ဖြစ်တာပေါ့’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံကျောင်းများအပါအဝင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်ကျောင်းများတွင်ပါဆရာများအနေဖြင့် ကျူရှင် သင်ခွင့်မပြု ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ငြိမ်း ဒေါ်ကတာဒေါ်ခင်စန်းရီလက်ထက်တွင် ဆရာ၊ဆရာမ များအနေဖြင့် ကျောင်းချိန်ပြိးဆုံးပါက မိမိတတ်ကျွမ်းသည့်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်ကို ခွင့်ပြုကြောင်းသတင်းမီဒီယာများသို့ပြောကြားခဲ့မှုတို့ရှိသည်။

#PeopleMedia


Share this post