• Follow Us on

Home ကျူုးကျော်သူတွေကို တစ်နိုင်ငံလုံးခုခံတော်လှန်ဖို့ စစ်စည်းရုံးနေစဉ်အတွင်း ယူကရိန်းပြည်သူနဲ့ စစ်သည် ၁၃၇ ယောက်ကျဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတပြော

ကျူုးကျော်သူတွေကို တစ်နိုင်ငံလုံးခုခံတော်လှန်ဖို့ စစ်စည်းရုံးနေစဉ်အတွင်း ယူကရိန်းပြည်သူနဲ့ စစ်သည် ၁၃၇ ယောက်ကျဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅

 

ရုရှားနိုင်ငံရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သည်နဲ့ ပြည်သူ ၁၃၇ ယောက်ကျဆုံးသွားပြီဖြစ်ပြီး ကျူးကျော်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတိုက်ထုတ်ဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီး က အမိန့်ပေးလိုက်ပါတယ်။

 

ယူကရိန်းသမ္မတဇီလန်စကီးက စစ်မှုထမ်းဆောင်ဖို့ ပြည်သူတွေကို ဆင့်ခေါ်လိုက်သလို စစ်မှုထမ်းဆောင်ဖု့ိ အ ရည်အချင်းပြည့်မီသူတွေနဲ့ စစ်မှုထမ်းဟောင်းတွေစာရင်းကို တင်ပြဖို့ ယူကရိန်းစစ်ဦးစီးဌာနကို အမိန့်ပေးလိုက် ပါတယ်။ ဒီကနေ့အချိန်အထိ ယူကရိန်းပြည်သူနဲ့ စစ်သား ၁၃၇ ယောက်ကျဆုံးသွာပြီဖြစ်ပြီး အဲဒီကျဆုံးသွားတဲ့သူတွေကို သူရဲကောင်းတွေလို့ ဇီလန်စကီးက သောကြာနေ့မနက်ပိုင်းမှာထုတ်လွှင့်တဲ့ ဗီဒီယိုမိန့်ခွန်းကတစ်ဆင့်ပြောလိုက် ပါတယ်။

 

ဒါ့အပြင် ယူကရိန်းပြည်သူ ရာနဲ့ချီပြီး ဒဏ်ရာရခဲ့တယ်လို့လည်း သူကပြောပါတယ်။ ယူကရိန်းကိုတိုက်ခိုက်ရာမှာ စစ်ဘက်ပစ်မှတ်တွေကိုသာ ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ ရုရှားဘက်က ပြောပေမဲ့ အရပ်ဘက်ပစ်မှတ်တွေလည်း တိုက်ခိုက်ခံနေရကြောင်း သမ္မတဇီလန်စကီးက ပြောပါတယ်။

 

“သူတို့ (ရုရှား) တွေဟာ ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ မြို့ကြီး တွေကို စစ်ဘက်ပစ်မှတ်ထဲကို ထည့်သွင်းတိုက်ခိုက်နေတာဖြစ်တယ်။ ဒီလိုအရပ်ဘက်ပစ်မှတ်တွေကို တိုက် ခိုက်တယ်ဆိုတာ ဆိုးရွားယုတ်မာတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။” လို့ ဇီလန် စကီးက ပြောပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို ပြင်းထန်တဲ့စကားလုံးတွေသုံးနှုန်းပြီး ပြစ်တင်ရှုတ်ချဖို့နဲ့ ရုရှားကျူးကျော်မှုကို ချက်ချင်းရပ်တန့်ပြီး ရုရှားတပ်တွေအားလုံးပြန်လည်ဆုတ်ခွာရေးတောင်းဆိုဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သောကြာနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

 

အစောပိုင်းကာလမှာ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ယူကရိန်း မြို့ကြီးတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အမြောက်ကြီးတွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းပြည်သူတွေကတော့ ရထားတွေ၊ ကားတွေနဲ့အတူ စုပြုံတိုးဝှေ့ထွက်ပြေးနေ ကြပါတယ်။ ရုရှားတင့်ကားတွေနဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနယ်စပ်တွေကို ဖြတ်ကျော်ဝင်ရောက်လာပြီး ယူကရိန်း နိုင်ငံကို အပြည့်အဝထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ယူကရိန်းအစိုးရကပြောပါတယ်။

 

အိုဒက်ဆာဒေသ၊ ဇမီညီကျွန်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အားလုံး ကြာသာပတေးနေ့ (ဖေဖော်ဝါရီ ၂၄) ရက်နေ့ က ကျဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ အဲဒီကျွန်းကိုလည်း ရုရှားတပ်ဖွဲ့ဝင်တွေကသိမ်း ပိုက်လိုက်ပြီဖြစ်တယ်လို့ ယူကရိန်းနယ်ခြားစောင့်တပ်က ကြာသာပတေးနေ့ အစောပိုင်းက ပြောပါတယ်။

 

ဒါ့အပြင် ယူကရိန်းနိုင်ငံမှာရှိတဲ့ ချာနိုဘိုင်းနျူကလီးယားဓာတ်ပေါင်းဖိုမှာ ရုရှားတပ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုကို လက်လွှတ်လိုက်ရတယ်လို့ဆိုပါတယ်။ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကို ရုရှားတပ်တွေက ဓားစာခံလုပ်ထားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

 

Ref: Ukrainian president says 137 killed as he orders full military mobilization

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Ukrainian president says 137 killed as he orders full military mobilization

 

#PeopleMedia


Share this post