• Follow Us on

Home ကျုံးလက်ရန်းပေါ် ထဘီနှင့် အဝတ်များလှန်းသည့်ကိစ္စ ခံဝန်ထိုး သတိပေး

ကျုံးလက်ရန်းပေါ် ထဘီနှင့် အဝတ်များလှန်းသည့်ကိစ္စ ခံဝန်ထိုး သတိပေး

Share this post

စက်တင်ဘာ – ၂၄

မန္တလေးမြို့ ၂၆ လမ်း၊ ၇၅ လမ်း နှင့် ၇၆ လမ်းကြားရှိ ကျုံးလက်ရန်းပေါ် တွင် ယနေ့ နံနက်ပိုင်းက ထဘီနှင့် အဝတ်များလှန်းသည့်ကိစ္စနှင့် ပတ် သက်၍ ပြုလုပ်သူများကို ခံဝန်ထိုး၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

ထိုသို့ ကျုံးလက်ရန်းပေါ်တွင် ထဘီ၊ စကပ်နှင့် အဝတ်များလှန်းသည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိသည့် အတွက် ပြုလုပ်သူများဖြစ်သည့် ဦးကိုကိုလတ်ပါ (၄) ဦးကို ဖော်ထုတ်ခဲ့ သည်။

“ဒီလို နောက်မလုပ်ဖို့ ခံဝန်ထိုးပြီး သတိပေးပြီးပါပြီဗျ။ ဒီကိစ္စမှာ ချက် ချင်းသိဆိုတော့ ချက်ချင်းသက်ဆိုင်တဲ့သူတွေက သတိပေးတာဆိုတော့ နောက်ပြီး ဒီကိစ္စက online ပေါ် ပြန့်သွားတာဆိုတော့ အများပြည်သူသိ သွားတယ်။ သိသွားတော့ နောက်တော့ လုပ်လိမ့်မယ် မထင်ပါဘူးဗျ´´ ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီဝင်ဦးကျော်ဆန်းမြင့် က ပြောသည်။

ကျုံးတောင်ဘက်တွင် ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အကာ အရန် စတီးလက်ရန်းများတပ်ခြင်းကို ဖေဖော်ဝါရီလထဲက ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ အကုန်အကျခံက မန္တလေးမြို့တ်ာစည်ပင် သာယာ ရေးကော်မတီကော်မတီ က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ကျုံးမြို့ရိုးတောင်ဘက်တွင် လုပ်ဆောင်မည့် မန်းသီတာဥယျာဉ်အတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၄၅၀ ရရှိခဲ့ပြီး ထိုမန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဘတ်ဂျက်များကို ကျုံးလက်ရန်းများ လဲလှယ်ခြင်းနှင့် ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


Share this post