• Follow Us on
Latest News

Home “ကြတ္ခုိင္ၿမိဳ႕၊ ေကာင္းခါးေဒသ၌ မူးယစ္ေဆးႏွင့္ ဆက္စပ္ေဆးဝါးမ်ား၏ တန္ဖုိး က်ပ္ (၂၂၄) ဘီလီယံထိ ရွိလာ” ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာအတြင္း ေငြက်ပ္ ၁၁၃ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ထပ္မံသိမ္းဆည္းရမိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

“ကြတ္ခုိင္ၿမိဳ႕၊ ေကာင္းခါးေဒသ၌ မူးယစ္ေဆးႏွင့္ ဆက္စပ္ေဆးဝါးမ်ား၏ တန္ဖုိး က်ပ္ (၂၂၄) ဘီလီယံထိ ရွိလာ” ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာအတြင္း ေငြက်ပ္ ၁၁၃ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ထပ္မံသိမ္းဆည္းရမိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ရန္ကုန္၊ မတ္ – ၁၀

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာႏွင့္ လြယ္ခမ္ေက်း႐ြာအနီး ပတ္၀န္းက်င္ ေနရာမ်ား၌ ေဖေဖာ္ဝါရီ ၂၈ ရက္မွ မတ္ ၈ ရက္အထိ ေငြက်ပ္ ၁၃၀ ဘီလီယံခန့္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဖမ္းဆီးရရွိမႈႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက အဆိုပါနယ္ေျမတစ္ဝိုက္အား နယ္ေျမလုံၿခဳံေရးႏွင့္ ရွာေဖြစစ္ေဆးမႈမ်ား ဆက္လက္ ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ ရွာေဖြစစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ယေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္ ခန့္တြင္ ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာေန ထြက္ေျပးတိမ္းေရွာင္ေနေသာ ဦးခ်မ္းေဘာမ္ (ဘ)ဦးေဘာမ္ခ်မ္း ပိုင္ဆိုင္သည့္ လြယ္ခမ္ ေက်း႐ြာရွိ သြပ္မိုးအုတ္ကာ ဂိုေထာင္အတြင္းမွ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅၄၀၀၀၀၀၀ ျပား၊ ၈၈။ ၁ စာတန္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၆၆၀၀၀ ျပားႏွင့္ အက္ဖီဒရင္း အမႈန္႔ ၅ ကီလို ဂရမ္ခန္႔၊ (စုစုေပါင္းမူးယစ္ေဆးဝါးခန္႔မွန္းတန္ဖိုးေငြက်ပ္ ၁၁၀ ဘီလီယံေက်ာ္)ကို ထပ္မံသိမ္းဆည္းရမိခဲ့သည္။

အလားတူ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ယေန႔ ေန႔လယ္ ၁ နာရီခန္႔တြင္ အဆိုပါေနရာရွိ ထြက္ေျပးတိမ္းေရွာင္ေန ေသာ ဦးလွ်ိုပါ့(ဘ)ဦးလွ်ိုအယ္ပိုင္ဆိုင္သည့္ တစ္ထပ္တိုက္အား ၀င္ေရာက္ရွာေဖြရာ တစ္ထပ္တိုက္အတြင္းမွ WY ၊ 88/1 ၊ R ေရာရာ စိတ္ႂကြေဆးျပား ၁၈၄၄၀၀၀ ျပား၊ ဘိန္းျဖဴ ၂၄၂၀ ဂရမ္၊ ဘိန္းျဖဴဘလာက္တုံး ၃၀၀ ဂရမ္၊ ICE ၈ ကီလိုဂရမ္၊ အရိုးမီးေသြးအိတ္ ၁၄ အိတ္၊ ဆိုဒီယမ္ကာဗြန္နိတ္ ၃၁ အိတ္၊ ဆိုဒီယမ္ဟိုက္ဒေရာ ဆိုဒ္ ၂ အိတ္ခြဲ၊ ပိုတက္ဆီယမ္ကလိုရိုဒ္အမႈန့္ ၂၀၀ ဗူး၊ ဆာရျဖဴရစ္ အက္ဆစ္ပုံးျပာ ၂၅ ပုံး၊ ဆက္ဆစ္အရည္ပါ (ေကာ္ေပပါ) ၁၁ လုံး၊ အက္ဆစ္ဘူးျဖဴ လက္ကိုင္ပါ (အေသး) ၄၄၀ ဘူး၊ ေရာင္စုံဆပ္ျပာခြက္အလြတ္ ၆၀၀၀ ခြက္ခန့္၊ ေဆးျပားလွန္း သံဇလား ဆိုဒ္စုံ ၅ ခု၊ ေဆးျပားေရတြက္စက္ ၅ ခု၊ ဖန္ႁပြန္မ်ိဳးစုံပါ(ေပပါ) ၄၁ လုံး၊ ဖန္ႁပြန္မ်ိဳးစုံပါ ခ်ပ္ဖာအႀကီး ၁၇ ဖာ၊ ဂတ္စ္အိုးအႀကီး ၆ လုံး၊ ဂတ္စ္မီးဖို ၁၆၀ ခု၊ ဂတ္စ္ပိုက္လိုင္းေခါင္း ၁၅၀ ခု၊ ၁၀ ေပခန္႔ရွိ ဂတ္စ္ပိုက္လိုင္း ေၾကးေခြ ၂၀ ေခြ၊ စတီးေပါင္းအိုး(အႀကီး) ၂ လုံး၊ အက္ဆစ္အရည္ပါ(သံေပပါ) ၆၉ လုံး၊ ဖန္ႁပြန္မ်ိဳးစုံပါ ခ်ပ္ဖာ(အေသး) ၂၄ ဖာ ၊ (စုစုေပါင္း မူးယစ္ေဆးဝါးခန္႔မွန္းတန္ဖိုးေငြက်ပ္ ၃ ဒသမ ၉ ဘီလီ ယံေက်ာ္) ႏွင့္(ဆက္စပ္ပစၥည္း ၁၉ မ်ိဳးတို႔၏ ကာလတန္ဖိုးေငြက်ပ္ ၆၉ သိန္းေက်ာ္)တို႔ကို ထပ္မံသိမ္းဆည္း ရမိခဲ့သည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၏ ရွာေဖြေဖာ္ထုတ္သိမ္းဆည္းရရွိမႈအေနျဖင့္ ေဖေဖာ္ဝါရီ ၂၈ ရက္မွ ယေန႔အထိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ိဳးစုံ ၁၁၀၇၅၁၀၀၀ ျပား၊ ဘိန္းျဖဴ ၁၉၂၇၀၀ ဂရမ္၊ ဘိန္းညို ၂၇၁၀၀၀ ဂရမ္၊ ဘိန္းျဖဴခဲ ၁ ဒသမ ၆ ကီလိုဂရမ္၊ ဘိန္းဆီခဲ ၁၆ ကီလို၊ ေဆးျပားအေၾကမႈန္႔ ၂၆၅၀ ဂရမ္၊ ဘိန္းစိမ္း ၁၀ ကီလိုဂရမ္ႏွင့္ ICE ၃၇၃ ဒသမ ၅ ကီလိုဂရမ္ စုစုေပါင္းမူးယစ္ေဆးဝါးမ်ား၏ ခန္႔မွန္းတန္ဖိုး မွာေငြက်ပ္ ၂၄၂ ဒသမ ၉ ဘီလီယံေက်ာ္ႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္း ၁၂၉ မ်ိဳး၏ကာလတန္ဖိုးမွာ ေငြက်ပ္ ၁ ဒသမ ၅ ဘီလီယံေက်ာ္ ျဖစ္ရာ စုစုေပါင္းေငြက်ပ္ ၂၄၄ ဘီလီယံေက်ာ္ ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါမူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရရွိမႈႏွင့္ပတ္သက္၍ အဓိကတရားခံမ်ားႏွင့္ ပါ၀င္ပတ္သက္သူမ်ားအား ဖမ္းဆီးရမိေရး လုပ္ထုံးလုပ္နည္းႏွင့္ အညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ၎နယ္ေျမတစ္ဝုိက္အား လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားႏွင့္ ရွာေဖြစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #ကြတ္ခုိင္

(Unicode)
“ကွတ်ခိုင်မြို့၊ ကောင်းခါးဒေသ၌ မူးယစ်ဆေးနှင့် ဆက်စပ်ဆေးဝါးများ၏ တန်ဖိုး ကျပ် (၂၂၄) ဘီလီယံထိ ရှိလာ”

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၁၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မတော် ထုတ်ပြန်
………………………………………………………

ရန်ကုန်၊ မတ် – ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီး ပတ်ဝန်းကျင် နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ ငွေကျပ် ၁၃၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးချမ်းဘောမ် (ဘ)ဦးဘောမ်ချမ်း ပိုင်ဆိုင်သည့် လွယ်ခမ် ကျေးရွာရှိ သွပ်မိုးအုတ်ကာ ဂိုထောင်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀၀၀၀ ပြား၊ ၈၈။ ၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၆၀၀၀ ပြားနှင့် အက်ဖီဒရင်း အမှုန့် ၅ ကီလို ဂရမ်ခန့်၊ (စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀ ဘီလီယံကျော်)ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နေ့လယ် ၁ နာရီခန့်တွင် အဆိုပါနေရာရှိ ထွက်ပြေးတိမ်းရှောင်နေ သော ဦးလျှိုပါ့(ဘ)ဦးလျှိုအယ်ပိုင်ဆိုင်သည့် တစ်ထပ်တိုက်အား ဝင်ရောက်ရှာဖွေရာ တစ်ထပ်တိုက်အတွင်းမှ WY ၊ 88/1 ၊ R ရောရာ စိတ်ကြွဆေးပြား ၁၈၄၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၄၂၀ ဂရမ်၊ ဘိန်းဖြူဘလာက်တုံး ၃၀၀ ဂရမ်၊ ICE ၈ ကီလိုဂရမ်၊ အရိုးမီးသွေးအိတ် ၁၄ အိတ်၊ ဆိုဒီယမ်ကာဗွန်နိတ် ၃၁ အိတ်၊ ဆိုဒီယမ်ဟိုက်ဒရော ဆိုဒ် ၂ အိတ်ခွဲ၊ ပိုတက်ဆီယမ်ကလိုရိုဒ်အမှုန့် ၂၀၀ ဗူး၊ ဆာရဖြူရစ် အက်ဆစ်ပုံးပြာ ၂၅ ပုံး၊ ဆက်ဆစ်အရည်ပါ (ကော်ပေပါ) ၁၁ လုံး၊ အက်ဆစ်ဘူးဖြူ လက်ကိုင်ပါ (အသေး) ၄၄၀ ဘူး၊ ရောင်စုံဆပ်ပြာခွက်အလွတ် ၆၀၀၀ ခွက်ခန့်၊ ဆေးပြားလှန်း သံဇလား ဆိုဒ်စုံ ၅ ခု၊ ဆေးပြားရေတွက်စက် ၅ ခု၊ ဖန်ပြွန်မျိုးစုံပါ(ပေပါ) ၄၁ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာအကြီး ၁၇ ဖာ၊ ဂတ်စ်အိုးအကြီး ၆ လုံး၊ ဂတ်စ်မီးဖို ၁၆၀ ခု၊ ဂတ်စ်ပိုက်လိုင်းခေါင်း ၁၅၀ ခု၊ ၁၀ ပေခန့်ရှိ ဂတ်စ်ပိုက်လိုင်း ကြေးခွေ ၂၀ ခွေ၊ စတီးပေါင်းအိုး(အကြီး) ၂ လုံး၊ အက်ဆစ်အရည်ပါ(သံပေပါ) ၆၉ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာ(အသေး) ၂၄ ဖာ ၊ (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီ ယံကျော်) နှင့်(ဆက်စပ်ပစ္စည်း ၁၉ မျိုးတို့၏ ကာလတန်ဖိုးငွေကျပ် ၆၉ သိန်းကျော်)တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၁၀၇၅၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၉၂၇၀၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နှင့် ICE ၃၇၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုး မှာငွေကျပ် ၂၄၂ ဒသမ ၉ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၂၉ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၄၄ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့်ပတ်သက်၍ အဓိကတရားခံများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ကွတ်ခိုင်


Share this post