• Follow Us on
Latest News

Home ကြတ္ခ္အိုက္စလန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္

ကြတ္ခ္အိုက္စလန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၅

ကြတ္ခ္အိုက္စလန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ဂ်ိဳးဆက္ဝီလီယမ္သည္ ယမန္ေန႔ညပိုင္းက ေအာ့ကလန္ၿမိဳ႕ေတာ္ရွိ ေဆး႐ုံတစ္ခု၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ေၾကာင္း နယူးဇီလန္ က်န္းမာေရး ဝန္ႀကီးဌာနက ယေန႔ အတည္ျပဳလိုက္သည္။

အသက္ ၈၀ ဝန္းက်င္ရွိၿပီျဖစ္သည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်ိဳးဆက္ဝီလီယမ္အား နယူးဇီလန္ႏွင့္ ကြတ္ခ္ အိုက္စလန္ႏိုင္ငံတို႔၌ က်န္းမာေရးဌာန အဖြဲ႕ဝင္အျဖစ္ သတ္မွတ္ခဲ့သည္။

ဝီလီယမ္က ေဒသတြင္း၌ ပစိဖိတ္လူမ်ိဳး မ်ား၏ က်န္းမာေရးျမႇင့္တင္ေပးရန္ လုပ္ေဆာင္ေနသည့္ ပါစီဖီကာက်န္းမာေရးအသင္း၏ နာယကလည္း ျဖစ္ခဲ့ သည္။

ယခုေသဆုံးမႈက နယူးဇီလန္ႏိုင္ငံ၌ ရက္မ်ားစြာအတြင္း ကိုဗစ္-၁၉ ေရာဂါႏွင့္ဆက္စပ္၍ ဒုတိယေျမာက္ ေသဆုံးမႈျဖစ္လာခဲ့ဟု ဝန္ႀကီးဌာနက ဆိုသည္။ နယူးဇီလန္ ႏိုင္ငံျခားေရးဝန္ႀကီး ဝင္စတန္ပီတာက ဝီလီယမ္ကို ျပင္းျပေသာစိတ္ရွိသူအျဖစ္ ရည္ၫႊန္းေခၚဆိုခဲ့ၿပီး က်န္ရွိသူ မိသားစုဝင္မ်ားအျပင္ ကြတ္ခ္အိုက္စလန္ျပည္သူမ်ား ႏွင့္ အစိုးရတို႔ထံ ဝမ္းနည္းစကား ေျပာၾကားခဲ့သည္။

ဂ်ိဳးဆက္ဝီလီယမ္ကို ျသဂုတ္လ ၁၃ ရက္တြင္ ေအာ့ကလန္ၿမိဳ႕ေတာ္ရွိ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး စက္တင္ ဘာလ ၄ ရက္ ညေနပိုင္းတြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။ ေအာ့ကလန္ၿမိဳ႕၌ျဖစ္ပြားခဲ့သည့္ အစုလိုက္အၿပဳံလိုက္ ဗိုင္းရပ္စ္ ကူးစက္မႈတြင္ပါဝင္ခဲ့သူတစ္ဦးႏွင့္ ထိေတြခဲ့သည္ဟု ယူဆရခ်ိန္တြင္ ဝီလီယမ္က ေနမေကာင္းျဖစ္လာခဲ့ သည္။

ဂ်ိဳးဆက္ဝီလီယမ္က ကြတ္ခ္အိုက္စလန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္အျဖစ္ ၁၉၉၉ ခုႏွစ္တြင္ ေလးလၾကာ တာဝန္ ထမ္းေဆာင္ခဲ့ၿပီး အရင္က က်န္းမာေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သည္။ နယူးဇီလန္ႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါႏွင့္ ဆက္စပ္ေသာေသဆုံးသူ ၂၄ ဦးအထိ ရွိလာခဲ့ၿပီ ျဖစ္သည္။

နယူးဇီလန္ႏိုင္ငံ၌ ရက္ ၁၀၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမရွိခဲ့ရာမွ ျသဂုတ္လလယ္တြင္ ေအာ့ ကလန္ၿမိဳ႕၌ ကိုဗစ္-၁၉ ေရာဂါ ျပည္တြင္းကူးစက္မႈ ဒုတိယလႈိင္းျဖစ္ေပၚခဲ့သည္။

ျပည္တြင္းကူးစက္မႈျဖတ္ေတာက္ရန္ ျသဂုတ္လ ၁၂ ရက္မွ ၃၀ ရက္အထိ ကိုဗစ္-၁၉ အဆင့္ ၃ သတိေပး ခ်က္ သတ္မွတ္ခဲ့သည္။

စက္တင္ဘာလ ၁၆ ရက္အထိ ကိုဗစ္-၁၉ အဆင့္ ၂ သတိေပးခ်က္ ထားရွိထားၿပီး အႀကီးမားဆုံးၿမိဳ႕ေတာ္ ေအာ့ကလန္ၿမိဳ႕၌ ကန္႔သတ္ခ်က္မ်ား ထားရွိမည္ဟု နယူးဇီလန္အစိုးရက ေျပာၾကားခဲ့သည္။

ကိုးကား – ဆင္ဟြာ

Ref; Former PM of Cook Islands dies from COVID-19 in New Zealand

#PeopleMedia

(unicode)
ကွတ်ခ်အိုက်စလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်
…………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၅

ကွတ်ခ်အိုက်စလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဂျိုးဆက်ဝီလီယမ်သည် ယမန်နေ့ညပိုင်းက အော့ကလန်မြို့တော်ရှိ ဆေးရုံတစ်ခု၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်ခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ အတည်ပြုလိုက်သည်။

အသက် ၈၀ ဝန်းကျင်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဂျိုးဆက်ဝီလီယမ်အား နယူးဇီလန်နှင့် ကွတ်ခ် အိုက်စလန်နိုင်ငံတို့၌ ကျန်းမာရေးဌာန အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့သည်။

ဝီလီယမ်က ဒေသတွင်း၌ ပစိဖိတ်လူမျိုး များ၏ ကျန်းမာရေးမြှင့်တင်ပေးရန် လုပ်ဆောင်နေသည့် ပါစီဖီကာကျန်းမာရေးအသင်း၏ နာယကလည်း ဖြစ်ခဲ့ သည်။

ယခုသေဆုံးမှုက နယူးဇီလန်နိုင်ငံ၌ ရက်များစွာအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်၍ ဒုတိယမြောက် သေဆုံးမှုဖြစ်လာခဲ့ဟု ဝန်ကြီးဌာနက ဆိုသည်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာက ဝီလီယမ်ကို ပြင်းပြသောစိတ်ရှိသူအဖြစ် ရည်ညွှန်းခေါ်ဆိုခဲ့ပြီး ကျန်ရှိသူ မိသားစုဝင်များအပြင် ကွတ်ခ်အိုက်စလန်ပြည်သူများ နှင့် အစိုးရတို့ထံ ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ဂျိုးဆက်ဝီလီယမ်ကို သြဂုတ်လ ၁၃ ရက်တွင် အော့ကလန်မြို့တော်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စက်တင် ဘာလ ၄ ရက် ညနေပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အော့ကလန်မြို့၌ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ် ကူးစက်မှုတွင်ပါဝင်ခဲ့သူတစ်ဦးနှင့် ထိတွေခဲ့သည်ဟု ယူဆရချိန်တွင် ဝီလီယမ်က နေမကောင်းဖြစ်လာခဲ့ သည်။

ဂျိုးဆက်ဝီလီယမ်က ကွတ်ခ်အိုက်စလန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၁၉၉၉ ခုနှစ်တွင် လေးလကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး အရင်က ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သောသေဆုံးသူ ၂၄ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

နယူးဇီလန်နိုင်ငံ၌ ရက် ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိခဲ့ရာမှ သြဂုတ်လလယ်တွင် အော့ ကလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းကူးစက်မှုဖြတ်တောက်ရန် သြဂုတ်လ ၁၂ ရက်မှ ၃၀ ရက်အထိ ကိုဗစ်-၁၉ အဆင့် ၃ သတိပေး ချက် သတ်မှတ်ခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်အထိ ကိုဗစ်-၁၉ အဆင့် ၂ သတိပေးချက် ထားရှိထားပြီး အကြီးမားဆုံးမြို့တော် အော့ကလန်မြို့၌ ကန့်သတ်ချက်များ ထားရှိမည်ဟု နယူးဇီလန်အစိုးရက ပြောကြားခဲ့သည်။

ကိုးကား – ဆင်ဟွာ

Ref; Former PM of Cook Islands dies from COVID-19 in New Zealand

#PeopleMedia


Share this post