• Follow Us on

Home ကြန္ဂရက္လႊတ္ေတာ္ကအတည္ျပဳထားသည့္ကာကြယ္ေရးဥပေဒၾကမ္းကို ဖြဲ႔စည္းပံုႏွင့္မကိုက္ညီဟုဆိုကာ ထရမ့္ပယ္ခ်

ကြန္ဂရက္လႊတ္ေတာ္ကအတည္ျပဳထားသည့္ကာကြယ္ေရးဥပေဒၾကမ္းကို ဖြဲ႔စည္းပံုႏွင့္မကိုက္ညီဟုဆိုကာ ထရမ့္ပယ္ခ်

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ယခုလအတြင္း ကြန္ဂရက္လႊတ္ေတာ္ကအတည္ျပဳခဲ့သည့္ အေမရိကန္ေဒၚလာသန္း ၇၄၀၀၀၀ ေက်ာ္ပါ ၀င္သည့္ကာကြယ္ေရးအသံုးစရိတ္ဥပေဒၾကမ္းကို ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္မညီဟုဆိုကာ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ဗီတိုအာဏာျဖင့္ပယ္ခ်ခဲ့သည္။
 
အာဖဂန္နစၥတန္ႏွင့္ဥေရာပမွအေမရိကန္တပ္ဖြဲ႔မ်ားျပန္႐ုတ္သိမ္းသည့္ပမာဏကိုကန္႔သတ္ျခင္းႏွင့္ စစ္စခန္း မ်ားနာမည္မွ ကြန္ဖက္ဒရိတ္ေခါင္းေဆာင္မ်ား၏အမည္မ်ားကိုဖယ္႐ွားရန္ပါ၀င္ေနသည္ကိုေထာက္ျပကာ မစၥတာ ထရမ့္က ပယ္ခ်ျခင္းျဖစ္သည္။
 
လူမႈကြန္ရက္ကုမၸဏီမ်ားအတြက္ တာ၀န္ခံမႈအကာအကြယ္ေပးထားျခင္းကိုျပန္႐ုတ္သိမ္းလိုေၾကာင္းလည္း သူကေျပာသည္။
 
ကြန္ဂရက္လႊတ္ေတာ္က အတည္ျပဳခဲ့သည့္ဥပေဒၾကမ္းမ်ားကို သမၼတက လက္မွတ္ထိုးၿပီး ဥပေဒအျဖစ္အ တည္ျပဳရသည္။
 
႐ွားပါးျဖစ္စဥ္မ်ားတြင္ သမၼတက ဥပေဒၾကမ္းမ်ားကို မူဝါဒအားျဖင့္သေဘာထားကြဲလြဲသည္ဟုဆိုကာ ဗီတို အာဏာျဖင့္ပယ္ခ်ႏိုင္သည္။
 
တႏွစ္နီးပါးမွ်ျပ႒ာန္းခဲ့ရေသာ စာမ်က္ႏွာ ၄၅၀၀ ပါသည့္ဥပေဒၾကမ္းသည္ တ႐ုတ္ႏွင့္႐ု႐ွားတို႔ထံ လက္ေဆာင္ ေပးေနျခင္းဟုလည္း မစၥတာ ထရမ့္ကေျပာသည္။ ကာကြယ္ေရးဥပေဒၾကမ္းသည္ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ မူဝါဒျဖစ္ၿပီး လက္နက္မ်ား၊ စစ္မႈထမ္းမ်ား၊ တပ္ဖြဲ႔၀င္မ်ားေနရာျဖန္႔က်က္ခ်ထားမႈႏွင့္ အျခားလံုၿခံဳေရးအစီ အမံမ်ားကိုသက္ေရာက္မႈ႐ွိႏိုင္သည့္ဆံုးျဖတ္ခ်က္မ်ားကို သတ္မွတ္ေပးသည္။
 
Ref : Trump vetoes ‘unconstitutional’ defence bill
 
#PeopleMedia
 
(unicode)
ကွန်ဂရက်လွှတ်တော်ကအတည်ပြုထားသည့်ကာကွယ်ရေးဥပဒေကြမ်းကို ဖွဲ့စည်းပုံနှင့်မကိုက်ညီဟုဆိုကာ ထရမ့်ပယ်ချ
………………………………………………………..
 
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ယခုလအတွင်း ကွန်ဂရက်လွှတ်တော်ကအတည်ပြုခဲ့သည့် အမေရိကန်ဒေါ်လာသန်း ၇၄၀၀၀၀ ကျော်ပါ ဝင်သည့်ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟုဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည်။
 
အာဖဂန်နစ္စတန်နှင့်ဥရောပမှအမေရိကန်တပ်ဖွဲ့များပြန်ရုတ်သိမ်းသည့်ပမာဏကိုကန့်သတ်ခြင်းနှင့် စစ်စခန်း များနာမည်မှ ကွန်ဖက်ဒရိတ်ခေါင်းဆောင်များ၏အမည်များကိုဖယ်ရှားရန်ပါဝင်နေသည်ကိုထောက်ပြကာ မစ္စတာ ထရမ့်က ပယ်ချခြင်းဖြစ်သည်။
 
လူမှုကွန်ရက်ကုမ္ပဏီများအတွက် တာဝန်ခံမှုအကာအကွယ်ပေးထားခြင်းကိုပြန်ရုတ်သိမ်းလိုကြောင်းလည်း သူကပြောသည်။
 
ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့သည့်ဥပဒေကြမ်းများကို သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ်အ တည်ပြုရသည်။
 
ရှားပါးဖြစ်စဉ်များတွင် သမ္မတက ဥပဒေကြမ်းများကို မူဝါဒအားဖြင့်သဘောထားကွဲလွဲသည်ဟုဆိုကာ ဗီတို အာဏာဖြင့်ပယ်ချနိုင်သည်။
 
တနှစ်နီးပါးမျှပြဋ္ဌာန်းခဲ့ရသော စာမျက်နှာ ၄၅၀၀ ပါသည့်ဥပဒေကြမ်းသည် တရုတ်နှင့်ရုရှားတို့ထံ လက်ဆောင် ပေးနေခြင်းဟုလည်း မစ္စတာ ထရမ့်ကပြောသည်။ ကာကွယ်ရေးဥပဒေကြမ်းသည် ပင်တဂွန်စစ်ဌာနချုပ်၏ မူဝါဒဖြစ်ပြီး လက်နက်များ၊ စစ်မှုထမ်းများ၊ တပ်ဖွဲ့ဝင်များနေရာဖြန့်ကျက်ချထားမှုနှင့် အခြားလုံခြုံရေးအစီ အမံများကိုသက်ရောက်မှုရှိနိုင်သည့်ဆုံးဖြတ်ချက်များကို သတ်မှတ်ပေးသည်။
 
Ref : Trump vetoes ‘unconstitutional’ defence bill
 
#PeopleMedia

Share this post