• Follow Us on

Home ကွန်ဂရက်လွှတ်တော်အတွင်းသို့ အိတ်ဆောင်သေနတ်ကိုင်ပြီး ဝင်ရောက်ရန် ရီပတ်ဘလစ်ကန်အမတ်အမျိုးသမီးကတိပြု

ကွန်ဂရက်လွှတ်တော်အတွင်းသို့ အိတ်ဆောင်သေနတ်ကိုင်ပြီး ဝင်ရောက်ရန် ရီပတ်ဘလစ်ကန်အမတ်အမျိုးသမီးကတိပြု

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဝါရှင်တန်ဒီစီတွင် လွှတ်တော်အစည်းအဝေးတက်ရောက်သည့်အချိန်တိုင်း ဂလော့အိတ်ဆောင်သေနတ်ကို ကိုင်ပြီးဝင်ရောက်ရန် ရွေးကောက်ခံရီပတ်ဘလစ်ကန်လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးက ကတိပြုသည်။
 
တနင်္ဂနွေနေ့တွင်လွှင့်တင်ခဲ့သည့်ဗီဒီယိုတွင် လွှတ်တော်အမတ် လော်ရန် ဘိုးဘတ်က မြို့ကိုလှည့်ပတ်မ သွားခင် အိတ်ဆောင်သေနတ်တလက်ကို ကျည်ဖြည့်သွင်းနေသည့်မြင်ကွင်းပါဝင်သည်။
 
အကြိမ်သိန်း ၂၀ ကြည့်ရှုထားသည့်ဗီဒီယိုတွင် ဝါရှင်တန်နှင့် ကွန်ဂရက်အတွင်း သေနတ်ကိုင်ဆောင်မည်ဟု လည်း သူကပြောသည်။
 
ကော်လိုရာဒိုပြည်နယ်၊ ရိုင်ဖယ်မြို့တွင် မစ္စ ဘိုးဘတ်က Shooters Grill ဆိုသည့်စားသောက်ဆိုင်ပိုင်ဆိုင်ပြီး ပြည်နယ်ဥပဒေအရခွင့်ပြုထားသည့်အတိုင်း ဆိုင်ဝန်ထမ်းများအနေဖြင့် မြင်သာစွာသေနတ်ကိုင်ထားရန် အားပေးသည်။
 
နိုဝင်ဘာရွေးကောက်ပွဲတွင် လက်နက်ကိုင်ဆောင်ခွင့်သည်လည်း သူ၏စည်းရုံးရေးတွင်အဓိကအစိတ်အပိုင်း တခုဖြစ်သည်။
 
ဒီစီလမ်းမများပေါ် လက်နက်ကိုင်ဆောင်ထားပါက လွှတ်တော်အမတ်အမျိုးသမီးလည်း အခြားသူများနှင့် တူ ညီသောပြစ်ဒဏ်များကျခံရမည်ဟု ဒီစီရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ် ကွန်တီးကပြောသည်။
 
Ref : Republican Lauren Boebert vows to carry handgun to Congress
 
#PeopleMedia
 
(unicode)
………………………………………………………..
 
 
 
 
 
 
 
 
Ref : Republican Lauren Boebert vows to carry handgun to Congress
 
#PeopleMedia

Share this post