• Follow Us on

Home ကွန်ဆာဗေတစ်ပါတီမှ ယွန်ဆုယောင်း တောင်ကိုရီးယား သမ္မတ ဖြစ်လာ

ကွန်ဆာဗေတစ်ပါတီမှ ယွန်ဆုယောင်း တောင်ကိုရီးယား သမ္မတ ဖြစ်လာ

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

လက်ရှိ အာဏာရဒီမိုကရက်တစ်ပါတီမှ လီဂျေးမြောင်သည် ကွန်ဆာဗေတစ်ပါတီမှ ယွန်ဆုယောင်းအား ရွေး ကောက်ပွဲတွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ယွန်ဆုယောင်းသည် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတဖြစ်လာသည်။

 

သမ္မတရွေးကောက်ပွဲဆိုင်ရာ မဲများ၏ ၉၈ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် ယွန်ဆုယောင်းက ၄၈.၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ပြိုင်ဘက်ရွေးကောက်ခံ လီဂျေးမြောင်က ၄၇.၈ ရာခိုင်နှုန်းရရှိခဲ့သည်။

 

တောင်ကိုရီးယားတွင် သမ္မတသက်တမ်းသည် ၅ နှစ်သာဖြစ်၍ လက်ရှိသမ္မတ မွန်ဂျေအင်း အနေဖြင့် သမ္မတ ရာထူးဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း သိရသည်။

 

ဒီမိုကရက်တစ်ပါတီမှ လီဂျေးမြောင်သည် ဆိုးလ်မြို့ရှိ ပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားရာတွင် ရှုံးနိမ့်မှု အတွက် မိမိကိုယ်ကို အပြစ်တင်ခဲ့ပြီး ပါတီထောက်ခံသူပြည်သူမျာကို တောင်းပန်ခဲ့သည်။

 

“ဒါတွေအားလုံးက ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကြောင့်ပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ ရှုံးနိမ့်မှုမဟုတ်သလို ဒီမိုက ရက်တစ်ပါတီရဲ့ ရှုံးနိမ့်မှုလည်း မဟုတ်ဘူး။ တာဝန်အားလုံးက ငါ့မှာပဲ လုံးဝတာဝန်ရှိတာပါ” ဟု ၎င်းက ဆို သည်။

 

သမ္မတရာထူးကို အနိုင်ရခဲ့သည့် ယွန်းဆုယောင်းသည် အောင်ပွဲခံမိန့်ခွန်းတွင် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကြောင်းပြောဆိုခဲ့ပြီး ပြည်သူတွေအနေဖြင့် တိုင်းပြည်အတွက် စည်းလုံးသင့်ကြောင်း ပြောဆိုခဲ့သည့်။

 

“ယနေ့ရလဒ်သည် ကြီးကျယ်သော ပြည်သူများ၏ အောင်ပွဲဖြစ်တယ်၊ အခု ပြိုင်ပွဲက ပြီးသွားပါပြီ၊ ပြည်သူတွေနဲ့ ကိုရီးယားသမ္မတနိုင်ငံအတွက် စည်းလုံးသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ယွန်းဆုယောင်း၏ ငါးနှစ်တာ သမ္မတသက်တမ်းသည် ယခုလတွင် စတင်မည်ဖြစ်ပြီး ပြန်လည်ရွေးကောက်ခံ ရရန် တားမြစ်ခံထားရသည့် လက်ရှိသမ္မတ မွန်ဂျေအင်း နေရာတွင် အစားထိုးမည်ဖြစ်သည်။

 

Source – cnn

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 

Source – cnn

 

#PeopleMedia


Share this post