• Follow Us on

Home ကြန္ဟိန္းၿမိဳ႕နယ္တြင္ ေငြက်ပ္ ၃၂ ဘီလီယံခန္႔တန္ဖိုးရွိ အိုက္စ္မ်ားဖမ္း ဆီးရမိ

ကြန္ဟိန္းၿမိဳ႕နယ္တြင္ ေငြက်ပ္ ၃၂ ဘီလီယံခန္႔တန္ဖိုးရွိ အိုက္စ္မ်ားဖမ္း ဆီးရမိ

Share this post

ရန္ကုန္၊ ဩဂုတ္ – ၂၈

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကြန္ဟိန္းၿမိဳ႕နယ္ရွိ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ သံလြင္ျမစ္ကူးတံတား(တာေကာ္) ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ေနစဉ္ ယမန္ေန႔ မြန္းလြဲ ၁ နာရီခန္႔တြင္ ကာလိၿမိဳ႕ ဘက္မွ မိုင္းပ်ဉ္းၿမိဳ႕ဘက္သို႔ ယာဉ္ေမာင္း စိုင္းသန္းထြန္း ေမာင္းႏွင္ၿပီး ယာဉ္ေနာက္လိုက္ က်န္းမိန္မိန္း(ခ) ဝင္းႏိုင္(ဘ)က်န္းရီဆိုင္၊ မန္လြယ္ရြာ၊ ကြတ္ခိုင္ၿမိဳ႕ေနသူလိုက္ပါလာသည့္ ၁၀ ဘီး ဆီေဘာက္ဆာယာဉ္အား မသကၤာ၍ ရပ္တန္႔စစ္ေဆးရန္ ရပ္တန္႔ခိုင္းစဉ္ စစ္ေဆးေရးဂိတ္သို႔မေရာက္မီ ယာဉ္အားရပ္တန္႔၍ ယာဉ္ေ မာင္းျဖစ္သူ စိုင္းသန္းထြန္းသည္ ကားလမ္း၏ေတာင္ဘက္ လွ်ိဳအတြင္းမွတစ္ဆင့္ သံလြင္ျမစ္အတြင္းသို႔ ခုန္ဆင္းထြက္ေျပးသြားခဲ့သည္။

ယာဉ္အားစစ္ေဆးရာ ယာဉ္၏ဆီေဘာက္ဆာအတြင္းမွ အိုက္စ္ ၁၆၀၀ ကီလို ဂရမ္ခန္႔(ကာလတန္ဖိုးေငြက်ပ္ ၃၂ ဘီလီယံခန္႔)ကို ယာဉ္ေနာက္လိုက္ က်န္းမိန္မိန္းႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္ဆီးရမိက်န္းမိန္မိန္း၊ မူးယစ္ေဆးဝါးမ်ားႏွင့္ ေမာ္ေတာ္ယာဉ္အား ကာလိနယ္ေျမရဲစခန္းသို႔ စနစ္တက်လႊဲေ ျပာင္းေပးခဲ့ေၾကာင္းတပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်း ဆီးရမိ
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကာလိမြို့ ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ယာဉ်မောင်း စိုင်းသန်းထွန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျန်းမိန်မိန်း(ခ) ဝင်းနိုင်(ဘ)ကျန်းရီဆိုင်၊ မန်လွယ်ရွာ၊ ကွတ်ခိုင်မြို့နေသူလိုက်ပါလာသည့် ၁၀ ဘီး ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးဂိတ်သို့မရောက်မီ ယာဉ်အားရပ်တန့်၍ ယာဉ် ေမာင်းဖြစ်သူ စိုင်းသန်းထွန်းသည် ကားလမ်း၏တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ဆင်းထွက်ပြေးသွားခဲ့သည်။

ယာဉ်အားစစ်ဆေးရာ ယာဉ်၏ဆီဘောက်ဆာအတွင်းမှ အိုက်စ် ၁၆၀၀ ကီလို ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့်)ကို ယာဉ်နောက်လိုက် ကျန်းမိန်မိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်ဆီးရမိကျန်းမိန်မိန်း၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်အား ကာလိနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲ ေပြာင်းပေးခဲ့ကြောင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post