• Follow Us on

Home ကွမ်းရွက်ရောင်းပြီး နေရပ်သို့ပြန်လာသည့် ပြည်သူများအား လုပ်ကြံသတ်ဖြတ်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် လုယက်ယူဆောင်ခြင်းခံရ

ကွမ်းရွက်ရောင်းပြီး နေရပ်သို့ပြန်လာသည့် ပြည်သူများအား လုပ်ကြံသတ်ဖြတ်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် လုယက်ယူဆောင်ခြင်းခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့တွင် ကွမ်းရွက်ရောင်းပြီး နေရပ်သို့ပြန်လာသည့် ပြည်သူများအား လုပ်ကြံသတ်ဖြတ်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် လုယက်ယူဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဝက်လက်မြို့ ငွေတွင်းကျေးရွာနေ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် Light Truck အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့၌ ကွမ်း ရွက်ရောင်းချ၍ ပြန်လာစဉ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာနှင့် သမရိုးကျေးရွာကြားရှိ ဒေသအခေါ် တစ်ဝက်မန်ကျည်းပင်တံတားသို့ အရောက်၌ မော်တော်ယာဉ်အား မိုင်းခွဲတိုက်ခိုက်ကာ ပါရှိ ခရီးသည်များ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ငွေကျပ်သိန်း ၁၀၀ အား လုယက်ယူဆောင်ခံရခြင်း ဖြစ်ပါ တယ်။

 

အဆိုပါဖြစ်စဉ်တွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး မော်တော်ယာဉ်မှာလည်း လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို သတ်ဖြတ်ကာ ငွေကျပ် သိန်း ၁၀၀ အား လုယက်ယူဆောင်မှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများနှင့် ပါဝင်ပတ်သတ်သူများ ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို လုပ်ထုံးဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှလည်း သတင်းထုတ်ပြန့်ထားပါတယ်။

 

#PeopleMedia #စစ်ကိုင်း #ဝက်လက် #လုယက်ယူဆောင်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post