• Follow Us on

Home ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကားရွိေရျပင္သို႔သယ္ေဆာင္မည့္ ေငြက်ပ္ ၇၉.၉၈ ဘီလီယံ ေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား ဖမ္းဆီးရမိ

ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကားရွိေရျပင္သို႔သယ္ေဆာင္မည့္ ေငြက်ပ္ ၇၉.၉၈ ဘီလီယံ ေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္။ ဩဂုတ္ ၁၃

ဇူလိုင္လ ၃၁ ရက္ေန႔ ၂၂၃၀ အခ်ိန္ လက္ခုပ္ကုန္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ျပည္သူလူထုႏွင့္ပူးေပါင္း၍ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ လက္ခုပ္ကုန္းေက်းရြာအုပ္စု၊ ဆယ္အိမ္တန္းေက်းရြာ၊ တံငါေလွဆိပ္ အနီးတြင္ မသကၤာဖြယ္ရပ္တန္႔ထားေသာ NISSAN CARAVAN အမ်ိဳးအစားေမာ္ေတာ္ယာဉ္ကိုရွာေဖြရာ ရဲေဝလင္း (ခ)အငယ္ေလး အားေတြ႕ရွိၿပီးယာဉ္ေနာက္ခန္းရွိဆာလာအိတ္မ်ားအတြင္းမွ အိုက္စ္ ၉၉၉ ဒသမ ၈ ကီလို၊ Speed Boat တစ္စီးတို႔ကို သိမ္းဆည္းရမိခဲ့ၿပီး မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ပူးေပါင္းစစ္ေဆးေဖာ္ထုတ္ခ်က္ အရ သိမ္းဆည္းရမိမူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)နမ့္စန္ၿမိဳ႕မွ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ လက္ခုပ္ကုန္းေက်းရြာမွတစ္ဆင့္ ေရလမ္းေၾကာင္းျဖင့္ မေလးရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ၾကားရွိေရျပင္သို႔ သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္ေဆာင္ရြက္ခဲ့ၾကသည့္ လင္းလင္းထိုက္(ခ)လင္းငယ္ အား ဩဂုတ္လ ၁ ရက္ေန႔ ၁၀၀၀ အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၂၇)ရပ္ကြက္၊ ရႈခင္းသာလမ္းရွိဟိုတယ္၌လည္းေကာင္း၊ စိုင္းထြန္းလႈိင္ အား ဩဂုတ္လ ၃ ရက္ေန႔ ၁၇၃၀ အခ်ိန္တြင္ ကရင္ျပည္နယ္၊ လိပ္သိုၿမိဳ႕နယ္၊ ရာဒိုစစ္ေဆးေရး ဂိတ္တြင္လည္းေကာင္း၊ ေက်ာ္ဦး(ခ)တ႐ုတ္ အား ဩဂုတ္လ ၄ ရက္ေန႔ ၁၁၃၀ အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕၊ မီးပုံးပ်ံကြင္းအနီးတြင္လည္းေကာင္း၊ မမိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးႏွင့္ မမိုးသုကဗ်ာ တို႔အား ဩဂုတ္လ ၄ ရက္ေန႔ ၁၃၃၀ အခ်ိန္တြင္ ဟိုပုံးၿမိဳ႕၌လည္းေကာင္း၊ သိန္းရာဇာ(ခ)သိန္းႀကီးႏွင့္ခ်စ္ပိုပို(ခ)ခ်စ္ပို တို႔အား ဩဂုတ္လ ၉ ရက္ေန႔ ၀၉၀၀ အခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ဂုံညႇင္းနီက်ဴးေက်ာ္ရပ္ကြက္၊ ခတၱာလမ္းေနအိမ္၌လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့သျဖင့္ ရဲေဝလင္း(ခ)အငယ္ေလး(၂၇)ႏွစ္၊ လင္းလင္းထိုက္(ခ) လင္းငယ္(၃၂)ႏွစ္၊ စိုင္းထြန္းလႈိင္(၃၄)ႏွစ္၊ ေက်ာ္ဦး(ခ)တ႐ုတ္(၄၈)ႏွစ္၊ မိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုး(၄၉)ႏွစ္၊ မိုးသုကဗ်ာ(၂၂)ႏွစ္၊ သိန္းရာဇာ(ခ)သိန္းႀကီး(၃၀)ႏွစ္၊ ခ်စ္ပိုပို(ခ)ခ်စ္ပို(၂၂)ႏွစ္တို႔အား Speed Boat တစ္စီး၊ ေမာ္ေတာ္ယာဉ္ ၉ စီး၊ ေနအိမ္ ၃ လုံး တို႔ႏွင့္အတူဖမ္းဆီးရမိခဲ့သျဖင့္ ေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားႏွင့္ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ား အား ယာယီခ်ိတ္ပိတ္သိမ္းဆည္း၍ ကြင္းဆက္တရားခံမ်ား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိၿပီး မူးယစ္ေဆးဝါး ႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒ၊ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒတို႔အရ အေရးယူ ႏိုင္ေရး စိစစ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း၊CCDAC

(Unicode)

ကွမ်းခြံကုန်းမြို့နယ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိရေပြင်သို့သယ်ဆောင်မည့် ငွေကျပ် ၇၉.၉၈ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ
……………………………………………………………………………

နေပြည်တော်။ ဩဂုတ် ၁၃

ဇူလိုင်လ ၃၁ ရက်နေ့ ၂၂၃၀ အချိန် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ် အနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN CARAVAN အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ရဲဝေလင်း (ခ)အငယ်လေး အားတွေ့ရှိပြီးယာဉ်နောက်ခန်းရှိဆာလာအိတ်များအတွင်းမှ အိုက်စ် ၉၉၉ ဒသမ ၈ ကီလို၊ Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားရှိရေပြင်သို့ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် လင်းလင်းထိုက်(ခ)လင်းငယ် အား ဩဂုတ်လ ၁ ရက်နေ့ ၁၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိဟိုတယ်၌လည်းကောင်း၊ စိုင်းထွန်းလှိုင် အား ဩဂုတ်လ ၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ရာဒိုစစ်ဆေးရေး ဂိတ်တွင်လည်းကောင်း၊ ကျော်ဦး(ခ)တရုတ် အား ဩဂုတ်လ ၄ ရက်နေ့ ၁၁၃၀ အချိန်တွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးတွင်လည်းကောင်း၊ မမိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးနှင့် မမိုးသုကဗျာ တို့အား ဩဂုတ်လ ၄ ရက်နေ့ ၁၃၃၀ အချိန်တွင် ဟိုပုံးမြို့၌လည်းကောင်း၊ သိန်းရာဇာ(ခ)သိန်းကြီးနှင့်ချစ်ပိုပို(ခ)ချစ်ပို တို့အား ဩဂုတ်လ ၉ ရက်နေ့ ၀၉၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော်ရပ်ကွက်၊ ခတ္တာလမ်းနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ရဲဝေလင်း(ခ)အငယ်လေး(၂၇)နှစ်၊ လင်းလင်းထိုက်(ခ) လင်းငယ်(၃၂)နှစ်၊ စိုင်းထွန်းလှိုင်(၃၄)နှစ်၊ ကျော်ဦး(ခ)တရုတ်(၄၈)နှစ်၊ မိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုး(၄၉)နှစ်၊ မိုးသုကဗျာ(၂၂)နှစ်၊ သိန်းရာဇာ(ခ)သိန်းကြီး(၃၀)နှစ်၊ ချစ်ပိုပို(ခ)ချစ်ပို(၂၂)နှစ်တို့အား Speed Boat တစ်စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံး တို့နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အား ယာယီချိတ်ပိတ်သိမ်းဆည်း၍ ကွင်းဆက်တရားခံများ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့အရ အရေးယူ နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း၊CCDAC


Share this post