• Follow Us on

Home ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၍ သေဆုံး

ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ ဇွန် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တိုက်ကုန်းတန်းကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိ ရသည်။

 

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ဆိုသူသည် နေအိမ်မှ အပြင်သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် သဲကုန်းတန်းကျေးရွာအနီးတွင် အမည်မသိ အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်မှာ ဦးခေါင်းအပါအဝင် ကျည်ထိမှန်ဒဏ်ရာများဖြင့် ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………

 


 


 


 


 

#PeopleMedia


Share this post