• Follow Us on

Home ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းမှ လုပ်သေနတ် ၂၅ လက်နှင့် ဆက် စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းမှ လုပ်သေနတ် ၂၅ လက်နှင့် ဆက် စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

ကွမ်းခြံကုန်း၊ ဇန်နဝါရီ ၅ (People Media)

 

ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒေးဒနောကျေးရွာ၊ သန္တိသုခဘုန်းတော်ကြီးကျောင်း အတွင်းမှ လုပ်သေနတ် ၂၅ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကျေးရွာနေ ပြည်သူအချို့ က ပြောသည်။

 

“ဘုန်းတော်ကြီးကျောင်းအတွင်းကနေ လက်လုပ်သေနတ် ၂၅ လက်၊ လက်လုပ်ဗုံး၊ ယမ်းအပါအဝင် ဖောက်ခွဲ ရေးပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့ပါတယ်။ ကျောင်းတိုက်ဧရိယာအတွင်းက သိမ်အဆောက်အဦး ဆောက်လုပ်ရန်နေရာမှာ သိမ်းထားတာ” လို့ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

 

ကျောင်းအတွင်း၌ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကျေးရွာသား ကိုသေး သေးနှင့် လှိုင်သာယာမှ ဦးဇင်းလာဝတ်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားသည်။

 

အလားတူ တိုင်းဒေသကြီးအချို့၌ ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းနေလူပုဂ္ဂိုလ်အချို့ လက်လုပ်မိုင်းပြု လုပ်မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #ကွမ်းခြံကုန်းမြို့နယ်

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post