• Follow Us on
Latest News

Home ကြာလာလမ္ပူကဗလီေတြမွာ ၀တ္လာျပဳသူေတြကို COVID-19 စစ္ေဆးမႈေတြျပဳလုပ္ေန

ကြာလာလမ္ပူကဗလီေတြမွာ ၀တ္လာျပဳသူေတြကို COVID-19 စစ္ေဆးမႈေတြျပဳလုပ္ေန

Share this post

ကြာလာလမ္ပူ၊ မတ္ ၁၃

ဗလီထဲကခန္းမွာျပဳလုပ္တဲ့စုေ၀းမႈကို လူ ၁၆၀၀၀ ေလာက္တက္ေရာက္ခဲ့တယ္လို႔ မေလး႐ွားက်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳလိုက္ၿပီးတဲ့ေနာက္ ကြာလာလမ္ပူက Masjid Jamek Sri Petaling ဗလီမွာ COVID-19အေရးနဲ႔ ပတ္သက္ၿပီး စစ္ေဆးေနၾကပါတယ္။

ဗလီက အခမ္းအနားတက္ေရာက္သူေတြ၊ ၀န္ထမ္းေတြနဲ႔ ေက်ာင္းသားေတြက က်န္းမာေရး၀န္ႀကီးဌာနရဲ႕အဖြဲ႕ေတြကို အျပည့္အ၀ပူးေပါင္းေဆာင္႐ြက္ၾကတယ္လို႔ မေလး႐ွားက်န္းမာေရး၀န္ႀကီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Noor Hisham Abdullah ကေျပာပါတယ္။

အခမ္းအနားလာတက္တဲ့လူ ၁၆၀၀၀ ေလာက္ထဲက ၁၄၀၀၀ ေလာက္က မေလး႐ွားႏိုင္ငံသားေတြလို႔လည္း သူကေျပာပါတယ္။

အဲဒီအခမ္းအနားကိုတက္ခဲ့တဲ့ ဘ႐ူႏိုင္းႏိုင္ငံသားတစ္ေယာက္ကူးစက္ခံခဲ့ရၿပီး အခမ္းအနားနဲ႔ဆက္စပ္ေနတဲ့မေလး႐ွားႏိုင္ငံသား ၆ ေယာက္လည္း ကူးစက္မႈေတြ႐ွိေနပါတယ္။

ေရာဂါကူးစက္မႈမ႐ွိေအာင္႐ွင္းလင္းဖို႔ ဗလီကို ယာယီပိတ္ထားမယ္လို႔ မေလး႐ွားက်န္းမာေရး၀န္ႀကီး Adham Baba က ၾကာသ ပေတးေန႔မွာေျပာပါတယ္။

အခမ္းအနားတက္လာသူေတြမွာ COVID-19 ေရာဂါလကၡဏာေတြ႐ွိေနရင္ ခ်က္ခ်င္းသြားစစ္ေဆးခံဖို႔ကလည္း တိုက္တြန္းခဲ့ပါ တယ္။

Ref: ‘Mammoth task’: Malaysia conducts mass COVID-19 screenings for participants of KL mosque gathering

#PeopleMedia #CoronaVirus #Mosque

(Unicode)
ကွာလာလမ်ပူကဗလီတွေမှာ ဝတ်လာပြုသူတွေကို COVID-19 စစ်ဆေးမှုတွေပြုလုပ်နေ
……………………………………………………

ကွာလာလမ်ပူ၊ မတ် ၁၃

ဗလီထဲကခန်းမှာပြုလုပ်တဲ့စုဝေးမှုကို လူ ၁၆၀၀၀ လောက်တက်ရောက်ခဲ့တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပြီးတဲ့နောက် ကွာလာလမ်ပူက Masjid Jamek Sri Petaling ဗလီမှာ COVID-19အရေးနဲ့ ပတ်သက်ပြီး စစ်ဆေးနေကြပါတယ်။

ဗလီက အခမ်းအနားတက်ရောက်သူတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့အဖွဲ့တွေကို အပြည့်အဝပူးပေါင်းဆောင်ရွက်ကြတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah ကပြောပါတယ်။

အခမ်းအနားလာတက်တဲ့လူ ၁၆၀၀၀ လောက်ထဲက ၁၄၀၀၀ လောက်က မလေးရှားနိုင်ငံသားတွေလို့လည်း သူကပြောပါတယ်။

အဲဒီအခမ်းအနားကိုတက်ခဲ့တဲ့ ဘရူနိုင်းနိုင်ငံသားတစ်ယောက်ကူးစက်ခံခဲ့ရပြီး အခမ်းအနားနဲ့ဆက်စပ်နေတဲ့မလေးရှားနိုင်ငံသား ၆ ယောက်လည်း ကူးစက်မှုတွေရှိနေပါတယ်။

ရောဂါကူးစက်မှုမရှိအောင်ရှင်းလင်းဖို့ ဗလီကို ယာယီပိတ်ထားမယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီး Adham Baba က ကြာသ ပတေးနေ့မှာပြောပါတယ်။

အခမ်းအနားတက်လာသူတွေမှာ COVID-19 ရောဂါလက္ခဏာတွေရှိနေရင် ချက်ချင်းသွားစစ်ဆေးခံဖို့ကလည်း တိုက်တွန်းခဲ့ပါ တယ်။

Ref: ‘Mammoth task’: Malaysia conducts mass COVID-19 screenings for participants of KL mosque gathering

#PeopleMedia #CoronaVirus #Mosque


Share this post