• Follow Us on
Share this post
နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ)စစ်ရာဇ၀တ်မှုဖြင့် တရားစွဲဆိုနေခြင်းအား လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုချက် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ)စစ်ရာဇ၀တ်မှုဖြင့် တရားစွဲဆိုနေခြင်းအား လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့်အပေါ် People Media မှ အဆိုပါဦးဆောင်ပြုလုပ်သူများအား ဆက်သွယ်မေးမြန်းထားမှု …
(unicode)
“ကျွန်တော်တို့အဓိက ပြောချင်တာက စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်။ နိုင်ငံတကာကနေပြီးတော့ အရေးယူမှုအ ပေါ်မှာ ကျွန်တော်တို့က ထောက်ခံပါတယ်” ဦးသန့်စင်ထက် (တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း၊ နတ်လင်းမြို့)
နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ)စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုနေခြင်းအား လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုချက် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ)စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုနေခြင်းအား လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲဲပြုလုပ်မည့်အပေါ် People Media မှ အဆိုပါဦးဆောင်ပြုလုပ်သူများအား ဆက်သွယ်မေးမြန်းထားမှု …
(unicode)
ဦးကျော်ဆွေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့)
ကျွန်တော်တို့ရဲ့ နိုင်ငံတော်သီချင်းမှာလည်းပါတယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတာလေ။ ကျွန်တော် တို့က တရားခြင်း၊ မျှတခြင်းကိုလိုလားတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မကြိုက်ဘူး။ လက်ရှိတည်ဆဲ ဥပဒေတွေကို လေးစားလိုက်နာဖို့လိုတယ်။ နိုင်ငံတကာဥပဒေနဲ့အညီ လိုက်နာကျင့်သုံးစေချင်လို့ ကျွန်တော်တို့ က အခုလိုပွဲမျိုးလုပ်တာပါ။ ကျန်တာမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ စေချင်တယ်။ မြန်မာနိုင်ငံအတွက်လည်း တည်ဆဲဥပဒေနဲ့အညီ အလုပ်လုပ်စေချင်တယ်။ နိုင်ငံတကာဥ ပဒေတွေကိုလည်း အလေးထားစေချင်တယ်။ ဒါက ကျွန်တော် တို့က အစိုးရကိုရော၊ စစ်တပ်ကိုရော၊ တိုင်းရင်း သားလက်နက်ကိုင်တွေရော အကုန်လုံးကိုပြောတာ။ အခုက ကျွန်တော်တို့ပြည်သူတွေ အခုချိန်ထိ နာနေ တုန်းပဲ။ နာနေတာကို ရုပ်လုံးဖော်ချင်လို့ ရှင်းလင်းပွဲလုပ်တာပါ။ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှု တွေနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေလေးစားလိုက်နာခြင်းမရှိဘူး၊ နိုင်ငံတကာ ဥပဒေတွေကို အသိအမှတ်မပြု ဘူး၊ လိုက်နာတာမရှိဘူးဆိုရင်တော့ အဲဒါတွေကိုမရရအောင်လုပ်ဆောင်ရမယ် ဆိုတဲ့ အနေအထားမျိုးတွေ ဆက်လုပ်မှာပါ။ ဒါကသတင်းစာရှင်းလင်းပွဲပေါ့။ နောက်ပိုင်းမှာဆိုရင် လမ်းပေါ်ထွက်မယ်၊ လူထုကိုသိ အောင်ချပြမယ်။ ကျွန်တော်တို့နိုင်ငံဟာ တရားဥပဒေဖောက်ဖျက်တဲ့နိုင်ငံမဟုတ်ဘူး။ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဥပဒေနဲ့အညီနေလို့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း အဲဒါတွေသိအောင် အခုလိုလုပ်ရတာပါ။
#PeopleMedia #ICC #ICJ
(unicode)
ဦးသန့်စင်ထက် (တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ နတ်လင်းမြို့)
ကျွန်တော်တို့ပြည်သူတွေ၊ တိုင်းရင်းသားပြည်သူတွေ အခုလိုတရားမဲ့ပြုကျင့်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်း ဆောင်တွေကို နိုင်ငံတကာက တရားစွဲဆိုခြင်းအပေါ်မှာ ကျွန်တော်တို့ထောက်ခံပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကြေညာချက်ထုတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့အတိုက်အခံအင်အားစုတွေအနေနဲ့ ဒီလိုသဘောထား ရှိတယ်ဆိုတာကို ကမ႓ာ့မျက်နှာစာမှာ သိစေ ချင်တယ်။ ပြည်တွင်း၊ ပြည်ပမီဒီယာတွေပါ သိစေချင်တယ်။ အပြစ်မဲ့ပြည်သူလူထုကို စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါလူတစ်စုကနေပြီးတော့ မတရားပြုလုပ်နေတာတွေ ဆက်ပြီးမဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အဓိက ပြောချင်တာက စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်။ နိုင်ငံတကာကနေပြီးတော့ အရေးယူမှုအပေါ်မှာ ကျွန်တော်တို့က ထောက်ခံပါတယ်။
#PeopleMedia #ICC #ICJ
Share this post