• Follow Us on

Home “ကျွန်တော်တို့ စမှာကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကနေ စမှာပါ။ အဲဒီကနေမှ မြို့နယ်တွေ၊ မြို့တွေကို စပြီးတော့ သိမ်းတော့မယ်” PRA

“ကျွန်တော်တို့ စမှာကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကနေ စမှာပါ။ အဲဒီကနေမှ မြို့နယ်တွေ၊ မြို့တွေကို စပြီးတော့ သိမ်းတော့မယ်” PRA

Share this post

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၌ အခြေပြုလှုပ်ရှားသည့် PRA အဖွဲ့သည် အောက်တိုဘာ ၁ ရက်နေ့၌ စတင်၍ စစ်မျက်နှာဖွင့်တိုက်ခိုက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People Media က PRA အဖွဲ့ ခေါင်းဆောင်တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

 

People Media – (PRA) က ဒီနေ့ကစပြီး စစ်မျက်နှာဖွင့်တိုက်ခိုက်မယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘယ်မြို့နယ်တွေကို စတင်တိုက်ခိုက်မလဲဆိုတာ သိပါရစေ။

 

PRA – ကျွန်တော်တို့ စမှာကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကနေ စမှာပါ။ အဲဒီကနေမှ မြို့နယ်တွေ၊ မြို့တွေကို စပြီးတော့ သိမ်းတော့မယ်ပေါ့။ အဲဒီကနေပြီးတော့မှ တောက်လျှောက် PDF တွေအကုန်လုံးနဲ့ လက်တွဲပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ မဟာမိတ်အဖွဲ့တွေလည်းရှိတယ်။

 

People Media –  အဓိကပစ်မှတ်က ဘာဖြစ်မလဲ။

 

PRA – ဘယ်ကိုအဓိကပစ်မှတ်ထားပြီး တိုက်မယ်ဆိုတာမရှိပါဘူး။ ပါရင်ပါသလိုမျိုး တိုက်သွားမှာပါ။

 

People Media – PRA အနေနဲ့ မဟာမိတ်ဘယ်နှစ်ဖွဲ့လောက် ပူးပေါင်းထားပြီးပြီလဲ။

 

PRA – မဟာမိတ်ဖွဲ့ထားတဲ့အဖွဲ့ ၁၃ ဖွဲ့လောက်ရှိသွားပြီဗျ။ လိုင်းပေါ်မတင်တဲ့ ဖွဲ့ထားတဲ့အဖွဲ့တွေလည်းရှိ တယ်။ မြို့သိမ်းတိုက်ပွဲတွေ စတော့မှာပေါ့။ ခုဆိုရင် သင်တန်းပေးတာလည်း ရပ်ထားတယ်။ ယောကျာ်လေး အမှတ်စဉ်နဲ့ မိန်းကလေးအမှတ်စဉ် စုစုပေါင်း ၁၁ ခုပေါ့။ ဒီအပတ်စဉ်မှာပဲ ၁၁၆ ယောက်ရှိတယ်။ အင်အား ဆိုရင် ထောင်နဲ့ချီရှိနေပြီ။ သင်တန်းပေးမှုတွေကို ခဏရပ်ဆိုင်းလိုက်တယ်။ အချိန်ကလည်း စစ်တပ်က အာဏာသိမ်းတာ ၈ လရှိပြီဆိုတော့ ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်လာတာတွေကို မကြည့်ရက်နိုင် တော့လို့ မြန်မြန်ဆန်ဆန်ပဲ စစ်မျက်နှာပြင်စဖွင့်ပြီးတော့ တိုက်တော့မယ်လို့ စစ်ကောင်စီကို စိန်ခေါ်ရခြင်း ဖြစ်ပါတယ်။

 

People Media – ဘယ်လိုနေရာမျိုးတွေ ဦးစားပေးတိုက်သွားမှာလဲ။

 

PRA – အဓိကကတော့ ကျွန်တော်တို့မြို့နယ်တွေ စသိမ်းပြီဆိုရင် ရဲစခန်းတွေ၊ စစ်ဝင်းတွေ၊ ကပစတွေ အဲဒီလို နေရာမျိုးတွေကို အဓိကထား စပြီးတိုက်မှာပါ။

 

People Media – စစ်မျက်နှာဖွင့်ပြီလို့ အတိအလင်းကြေညာလိုက်တော့ မြို့ပေါ်တွေ ရောက်လာနိုင်လား။

 

PRA – ကျွန်တော်တို့ စစ်မျက်နှာစဖွင့်ပြီဆိုတော့ မြို့နယ်တွေကိုတိုက်လာရင်းနဲ့ မြို့ပေါ်တွေကိုရောက်လာနိုင်ပါ တယ်။ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ပြည်သူတွေပေါ့၊ စစ်ကောင်စီအနေနဲ့ ပြည်သူတွေ ကိုသတ်တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မကာကွယ်နိုင်ဘူး။ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့နေတာတွေကြောင့် ကျွန်တော်တို့ရဲ့ ကြေညာချက်မှာလည်း ပါပါတယ်။ လက်နက်ကိုင်အချင်းချင်း စပြီး တော့ တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ဘက်က ဒါ စစ်မျက်နှာပြင် ဖွင့်ပြီဆိုပြီးတော့ ဒီနေ့ကြေညာထုတ်ပြန်လိုက်တာ။ လက်နက်ကိုင်အချင်းချင်းပဲ တိုက်ကြမယ်လို့ စစ်ကောင်စီကို စိန်ခေါ်ချင်တယ်။ စစ်အာဏာရှင်ကို တော်လှန်နေ တဲ့ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော်တို့နဲ့ တစ်သားတည်းရှိနေတဲ့အတွက် ကြေညာချက်ထဲ့ပါတဲ့အတိုင်းပဲ မည်သည့်အဖွဲ့အစည်းမဆို စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့ဆိုရင် လက်တွဲဆောင်ရွက်သွားမယ်လို့ ပါပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော PDF တွေရော အခြားတော်လှန်ရေး အဖွဲ့တွေရော ကျွန်တော်တို့အတိုင်းပဲ သူတို့လည်း အဆင်သင့်ဖြစ်နေမှာပါ။

 

အခုလိုဖြေကြားပေးတဲ့အတွက် People Media က ကျေးဇူးတင်ပါတယ်။

 

#PeopleMedia

 

(unicode)


 


 


 


 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post