• Follow Us on

Home ကျွန်းစုမြို့နယ် NLD ပါတီဥက္ကဋ္ဌ၏ နေအိမ် ချိပ်ပိတ်ခံရပြီးနောက် တစ်လအတွင်း လာရောက် တရားရင်ဆိုင်ရန် တရားရုံးက ဝရမ်းလာကပ်

ကျွန်းစုမြို့နယ် NLD ပါတီဥက္ကဋ္ဌ၏ နေအိမ် ချိပ်ပိတ်ခံရပြီးနောက် တစ်လအတွင်း လာရောက် တရားရင်ဆိုင်ရန် တရားရုံးက ဝရမ်းလာကပ်

Share this post

တနင်္သာရီ၊ ဇန်နဝါရီ ၂၆ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မြို့နယ် NLD ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြတ်ထွန်း၏ နေအိမ်သည် ချိပ်ပိတ်ခံရပြီးနောက် တစ်လအတွင်း လာရောက် တရားရင်ဆိုင်ရန် မြို့နယ်တရားရုံးက ဇန်နဝါရီ ၂၅ ရက်နေ့၌ ဝရမ်းကပ်သွားကြောင်း ဒေသခံအချို့က ပြောသည်။

 

ဦးအောင်မြတ်ထွန်းသည် ကျွန်းစုမြို့နယ် NLD ပါတီဥက္ကဋ္ဌတစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်း အမတ်ဟောင်းတစ်ဦးဖြစ်သည်။ လက်ရှိအချိန်၌ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရခြင်းကြောင့် တိမ်းရှောင် လျက်ရှိကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

 

“ဦးအောင်မြတ်ထွန်းအိမ်က ဟိုတလောကတင် နေအိမ်ကို ချိပ်ပိတ်ခံရတာ။ အခုက ဒီနေအိမ်ကို ချိပ်ပိတ် ပြီးတော့ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းမယ့်အပေါ်မှာ ဥပဒေအရ တရားရင်ဆိုင်ဖို့ A4 စာရွက်နဲ့ အမိန့်စာ လာ ကပ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ NUG/CRPH၊ PDF အဖွဲ့များနှင့် သက်ဆိုင်သည့် နေအိမ်များကို န-စ-ကမှ ချိပ်ပိတ်ထားသည်။ ထိုကဲ့သို့ နိုင်ငံတော်မှ ချိပ်ပိတ်သိမ်းဆည်းထားမှုများကို ဥပဒေပြဌာန်းချက်များအရ ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

 

Photo – Credit (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #ဝရမ်းကပ်ထားမှု #ကျွန်းစုမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post