• Follow Us on

Home ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့် ထိုင်း IBSC တက္ကသိုလ်တို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန် IBEC ဆရာတော်သွားရောက်ဆွေးနွေး

ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့် ထိုင်း IBSC တက္ကသိုလ်တို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန် IBEC ဆရာတော်သွားရောက်ဆွေးနွေး

Share this post

ရန်ကုန်၊ မတ် ၁၁

 

ကျွန်းလှဗုဒ္ဓတက္ကသိုလ်(KBU)နှင့် ထိုင်းနိုင်ငံ(MCU)တက္ကသိုလ်-IBSC တို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်  ယမန်နေ့က ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတ ထိုင်းနိုင်ငံတွင် သွား ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆွေးနွေးရာတွင် ပဏာမသဘောတူညီမူအနေဖြင့် Students Exchange issue၊ Lecturer Exchange Issue၊ Research methodologies၊ Seminar, workshop issues၊ Scholarship issues များ ပူးပေါင်း ဆောင်ရွက်ရန် နှစ်ဖက်တက္ကသိုလ်အကြီးအကဲများ တွေ့ဆုံညှိနှိုင်း သဘောတူခဲ့ကြကြောင်း သိရသည်။

 

နှစ်ဖက်တက္ကသိုလ်ပူးပေါင်းဆောင်ရွက်မည့် သုတေသနလုပ်ငန်းပြီးစီးပါက MOU လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။

 

နယ်သာလန် Stichting IBEC နှင့် ကျွန်းလှမြို့KBU တက္ကသိုလ်တည်ထောင်သူ၊ စစ်ကိုင်းမြို့ International Buddhist Education Center အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတော်၏ ဦးစီးပဓါနနာ ယက ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှ မတ်လ (၁၁) ရက်နေ့အထိ ဥရောပ-အာရှရပ်ဝန်းဒေသ ဗုဒ္ဓသာသနာပြန့်ပွားတိုးတက်ရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးတို့အတွက် (၄၁) ရက်ကြာ သွားရောက်ခဲ့ကြောင်း သိရသည်။

 

(unicode)


………………………………..

 


 


 


 


 



Share this post