• Follow Us on

Home ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် န-စ-ကဥက္ကဋ္ဌတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်၌ တွေ့ဆုံ

ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် န-စ-ကဥက္ကဋ္ဌတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်၌ တွေ့ဆုံ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၇ (People Media)

 

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်နှင့် န-စ-ကဥက္ကဋ္ဌတို့သည် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး၊ သံတမန်ဆောင်၌ တွေ့ဆုံခဲ့သည်။

 

မြန်မာနိုင်ငံ၌ ၂ ရက်ကြာ လာရောက်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် န-စ-ကဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီ များ၊ လူပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအား လာရောက်ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်အား ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေလျက်ရှိသော်လည်း ၎င်း၏ ခရီးစဉ်အား ဖျက်သိမ်းခြင်းမရှိဘဲ လာရောက်ခဲ့ခြင်းဖြစ်သည်။

 

ထိုအပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ထောက်ပံ့လှူဒါန်းခဲ့သည်

 

#PeopleMedia #ဟွန်ဆန် #နစက

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post