• Follow Us on

Home ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာ စာသင်ကျောင်း(ပိတ်ထားသည့်စာသင်ကျောင်း)၌ အခြေပြုထားသည့် PDF စခန်းရှင်းလင်းခံရပြီး PDF အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို လက်လုပ်သေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်း များကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးခဲ့

ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာ စာသင်ကျောင်း(ပိတ်ထားသည့်စာသင်ကျောင်း)၌ အခြေပြုထားသည့် PDF စခန်းရှင်းလင်းခံရပြီး PDF အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို လက်လုပ်သေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်း များကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးခဲ့

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉ (People Media)

 

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာ၊ ယောက်သွားအိုင်စာ သင်ကျောင်း(ပိတ်ထားသည့်ကျောင်း)၌ အခြေပြုထားသည့် PDF စခန်းရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သလို လက်လုပ်သေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးခဲ့သည်။

 

“ဒီမနက်စောစောမှာ တိုက်ပွဲဖြစ်ကြတာ။ ရွာကျောင်းက ပိတ်ထားတာ။ အဲ့ဒီမှာ ဆက်သွယ်ရေးတာဝါတိုင် တွေကို ဖြတ်ပြီး ဖောက်ခွဲရေးလုပ်တာရှိတယ်။ စာသင်ကျောင်းထဲမှာ စခန်းလုပ်ထားတာပါ။” လို့ ဒေသခံတစ်ဦး က ပြောသည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင်အမျိုးသား အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လက် လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်လက်ပစ်ဗုံး ၈ လုံး၊ လက်လုပ်မိုင်း ၁၄ လုံး၊ ဆိုလာပြား ၁ ချပ်၊ ဝရိန်စက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် အခြားဆက်စပ်ပစ္စည်းများရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ခင်ဦးမြို့နယ် #ယောက်သွားအိုင်ကျေးရွာ

 

(unicode)


…………………………………………………………………..

 


 


 


 


 



Share this post