• Follow Us on

Home ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာ၌ လုံခြုံရေးအဖွဲ့နှင့် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF ၁၄ ယောက်သေ

ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာ၌ လုံခြုံရေးအဖွဲ့နှင့် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF ၁၄ ယောက်သေ

Share this post

ခင်ဦး၊ မတ် ၈

 

ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာအနီး၌ လုံခြုံရေး အဖွဲ့နှင့် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF ၁၄ ယောက် သေဆုံးခဲ့သည်။

 

“ဖြစ်စဉ်မှန်ပါတယ်။ PDF အဖွဲ့ဝင်တွေ ၁၄ ယောက် သေသွားပါတယ်။ လက်နက်တွေ အများကြီး ပါသွားတယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက People Media သို့ ပြောဆိုသည်။

 

အဆိုပါ တိုက်ပွဲ၌ PDF အဖွဲ့ဝင် ၁၄ ယောက် သေဆုံးခဲ့သလို AK-47 သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂၀ လက်၊ လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်သေနတ်အတို ၂ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ လက်လုပ်ဗုံး ၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၁၉ လုံးတို့ကို လုံခြုံရေးအဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

 

ခင်ဦးမြို့သည် PDF အဖွဲ့များ အားကောင်သည့်နေရာဖြစ်ပြီး အဆိုပါ ဒေသကို လုံခြုံရေးအဖွဲ့များက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia

 

(unicode)


………………………..

 


 


 


 


 


 

#PeopleMedia


Share this post