• Follow Us on

Home ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာ၌ အမျိုးသားသုံးဦး လုပ်ကြံခြင်းခံရ

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာ၌ အမျိုးသားသုံးဦး လုပ်ကြံခြင်းခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ အောက်တိုဘာ ၃ ရက်နေ့က ပျဉ်ထောင်ရွာသားနှစ်ဦးသည် လုပ်ကြံ သတ်ဖြတ်ခြင်းခံရခဲ့သည့်အပြင် ယနေ့ နံနက်၌ ထပ်မံ၍ အဆိုပါကျေးရွာနှင့် နီးကပ်လျက်ရှိသော ရွှေကူတဲစု ကျေးရွာမှ အမျိုးသားသုံးဦးသည်လည်း ထပ်မံသတ်ဖြတ်ခြင်းခံရသည်။

 

“မနေ့က အသတ်ခံရတဲ့ ပျဉ်ထောင်ရွာနားမှာပဲဖြစ်တာ ဘယ်သူသတ်တာလည်းဆိုတာတော့ ကျွန်တော်တို့ လည်း မသိဘူး သုံးဦးကတော့ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကိုတွေ့ရတယ်” ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

သေဆုံးသူများသည် ရွှေကူတဲစုကျေးရွာမှ ဦးအောင်ဖြိုး၊ ဦးအောင်မြင့်စိုးနှင့် ဦးစိန်ပိုတို့ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မြို့နယ်များ၌ သံဃာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံဝန် ထမ်းများ၊ တပ်မတော်ထောက်ခံသူများ လုပ်ကြံခံရမှု နေ့စဉ်မြင့်တက်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #ခင်ဦးမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post