• Follow Us on

Home ခင်ဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် မိသားစုရှေ့၌ ဓါးဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

ခင်ဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် မိသားစုရှေ့၌ ဓါးဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးအောင်ထွန်းသည် မိသားစုနှင့်အတူ ရှိနေစဉ် မိသားစုဝင်များ၏ ရှေ့၌ အမည်မသိလူတစ်စုမှ ဓားဖြင့် ခုတ်သတ်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ညခင်းအချိန်တွင် ခင်ဦးမြို့ သံဘိုကျေးရှိ ဦးထွန်းအောင်နေအိမ်သို့ လူ ၃၀ မှ ဆိုင်ကယ်ဖြင့်ရောက်ကာ ဖခင်ဖြစ်သူမတွေ့တဲ့အတွက်ကြောင့် သားဖြစ်သူကို သတ်သွားကြောင်း သိရသည်။

 

“မိသားစုလိုက်ရှိတာ။ သူ့အမေလည်းရှိတယ်။ အဲ့အိမ်မှာ ၅ ယောက် ၆ ယောက်လောက်ရှိမယ်။ အဲ့ထဲမှာ သူ့ကို သတ်သွားတာ။ သူ့ရဲ့မျက်နှာနဲ့ ရင်ဘက်တွေကို ရစရာမရှိအောင်သတ်သွားတယ်” လို့ အမည်မဖော်သူတစ်ဦးမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆရာတော်များ၊ တပ်မတော်သတင်းပေးဟုယူဆခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ သည်။

 

Photo – Credit

 

#PeopleMedia #ခင်ဦးမြို့နယ်

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post