• Follow Us on
Latest News

Home ခမာနီအစိုးရလက်ထက်က ထောင်မှူး ရဲဘော်ဒူ့ခ်ျသေဆုံး

ခမာနီအစိုးရလက်ထက်က ထောင်မှူး ရဲဘော်ဒူ့ခ်ျသေဆုံး

Share this post

ဖနွမ်းပင်၊ စက်တင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံတွင် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုများကျူးလွန်ခဲ့သည့်ခမာနီအစိုးရလက်ထက်က ထင်ရှားသူတစ်ယောက်ဖြစ်ခဲ့သည့်ရဲဘော်ဒူ့ခ်ျ သေဆုံးခဲ့သည်။


ရဲဘော်ဒူ့ခ်ျဟုသိကြသည် ကိုင်ဂက်အိသည် ၁၉၇၀ ပြည့်နှစ်များက လူထောင်ချီကိုနှိပ်စက်ညှင်းပန်းခဲ့ပြီး သတ်ဖြတ်ခဲ့သည့် တူအောဆလန်းထောင်ကို စီမံအုပ်ချုပ်ခဲ့သူဖြစ်သည်။

အသက် ၇၇ နှစ်ရှိသည့် ရဲဘော်ဒူ့ခ်ျ ဗုဒ္ဓဟူးနေ့တွင်သေဆုံးခဲ့ကြောင်း ခုံရုံးပြောခွင့်ရသူကပြောပြီး အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ပြောခြင်းမရှိချေ။

ဒူ့ခ်ျသည် ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားသည့်ခုံရုံးတွင် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုများဖြင့် စတင်ရုံးတင်စစ်ဆေးခံရပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပြစ်ဒဏ်ချခံရသည့် ပထမဆုံးခမာနီအကြီးတန်းခေါင်းဆောင်တစ်ယောက်ဖြစ်သည်။



#PeopleMedia

(Unicode)
ခမာနီအစိုးရလက်ထက်က ထောင်မှူး ရဲဘော်ဒူ့ချ်သေဆုံး
………………………………………

ဖနွမ်းပင်၊ စက်တင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံတွင် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုများကျူးလွန်ခဲ့သည့်ခမာနီအစိုးရလက်ထက်က ထင်ရှားသူတစ်ယောက်ဖြစ်ခဲ့သည့်ရဲဘော်ဒူ့ချ် သေဆုံးခဲ့သည်။

ကုလသမဂ္ဂနောက်ခံရှိသည့်တရားရုံးက သူ့ကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်ထားသည်။

ရဲဘော်ဒူ့ချ်ဟုသိကြသည် ကိုင်ဂက်အိသည် ၁၉၇၀ ပြည့်နှစ်များက လူထောင်ချီကိုနှိပ်စက်ညှင်းပန်းခဲ့ပြီး သတ်ဖြတ်ခဲ့သည့် တူအောဆလန်းထောင်ကို စီမံအုပ်ချုပ်ခဲ့သူဖြစ်သည်။

အသက် ၇၇ နှစ်ရှိသည့် ရဲဘော်ဒူ့ချ် ဗုဒ္ဓဟူးနေ့တွင်သေဆုံးခဲ့ကြောင်း ခုံရုံးပြောခွင့်ရသူကပြောပြီး အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ပြောခြင်းမရှိချေ။

ဒူ့ချ်သည် ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားသည့်ခုံရုံးတွင် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုများဖြင့် စတင်ရုံးတင်စစ်ဆေးခံရပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပြစ်ဒဏ်ချခံရသည့် ပထမဆုံးခမာနီအကြီးတန်းခေါင်းဆောင်တစ်ယောက်ဖြစ်သည်။

ကွန်မြူနစ်ခေါင်းဆောင်မော်စီတုန်း၏ဝါဒကိုလက်ခံပြီး ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံကိုအုပ်ချုပ်ခဲ့သည့် ခမာနီအစိုးရလက်ထက်တွင် လူ ၂ သန်းအထိ သေဆုံးခဲ့သည်ဟု ယုံကြည်ခဲ့သည်။

Ref : Khmer Rouge prison commander Comrade Duch dies

#PeopleMedia


Share this post