• Follow Us on

Home ခရစၥမတ္ဘိုးဘိုးမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးေပးမည့္အစီအစဥ္ အေမရိကန္ရပ္ဆိုင္း

ခရစၥမတ္ဘိုးဘိုးမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးေပးမည့္အစီအစဥ္ အေမရိကန္ရပ္ဆိုင္း

Share this post

ဝါ႐ွင္တန္၊ ေအာက္တိုဘာ ၂၆

လူအမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးေၾကညာေပးမည့္ ခရစၥမတ္ဘိုးဘိုး (ဆန္တာကေလာ့စ္) ၀တ္စံု၀တ္ေဖ်ာ္ေျဖသူမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးမည့္အစီအစဥ္ကို အေမရိကန္ႏိုင္ငံက ဖ်က္သိမ္းလိုက္သည္။

ဆန္တာကေလာ့စ္ႏွင့္ နတ္သူငယ္မ်ားအျဖစ္သ႐ုပ္ေဆာင္သူမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္စီ စဥ္ထားသည္။

ကာကြယ္ေဆးမ်ားကို ခြင့္ျပဳၿပီးပါက လူသိမ်ားေက်ာ္ၾကားသူမ်ားက ကာကြယ္ေဆးထိုးရန္အသိေပးေစေရး အတြက္ ေဒၚလာသန္း ၂၅၀ အသံုးျပဳမည့္ အေမရိကန္အစိုးရ၏ အစီအစဥ္တစိတ္တပိုင္းအျဖစ္ ေဆးထိုး ေပးရန္စီစဥ္ထားျခင္းလည္းျဖစ္သည္။

သို႔ေသာ္ ထိုေၾကာ္ျငာအစီအစဥ္ကိုဖ်က္သိမ္းလိုက္ေၾကာင္းလည္း က်န္းမာေရးအာဏာပိုင္မ်ားက အတည္ျပဳ သည္။

ထိုျဖစ္ရပ္သည္ အလြန္အမင္းစိတ္ပ်က္ဖြယ္ျဖစ္ေၾကာင္း ဆန္တာကေလာ့စ္သ႐ုပ္ေဆာင္မ်ားအဖြဲ႔ဥကၠ႒ ရစ္ အာ၀င္ကေျပာသည္။

လက္႐ွိအခ်ိန္အထိ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားအတည္မျပဳႏိုင္ေသးေသာ္လည္း ေနာက္ဆံုးအဆင့္စမ္း သပ္မႈျပဳလုပ္ေနသည့္ေဆးလက္တဆုပ္စာ႐ွိေနသည္။

Ref : Covid-19: US pulls plan to give early vaccine to Santa Claus

#PeopleMedia

(unicode)
ခရစ္စမတ်ဘိုးဘိုးများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေးမည့်အစီအစဉ် အမေရိကန်ရပ်ဆိုင်း
…………………………………………………

ဝါရှင်တန်၊ အောက်တိုဘာ ၂၆

လူအများအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကြေညာပေးမည့် ခရစ္စမတ်ဘိုးဘိုး (ဆန်တာကလော့စ်) ဝတ်စုံဝတ်ဖျော်ဖြေသူများအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံက ဖျက်သိမ်းလိုက်သည်။

ဆန်တာကလော့စ်နှင့် နတ်သူငယ်များအဖြစ်သရုပ်ဆောင်သူများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးရန်စီ စဉ်ထားသည်။

ကာကွယ်ဆေးများကို ခွင့်ပြုပြီးပါက လူသိများကျော်ကြားသူများက ကာကွယ်ဆေးထိုးရန်အသိပေးစေရေး အတွက် ဒေါ်လာသန်း ၂၅၀ အသုံးပြုမည့် အမေရိကန်အစိုးရ၏ အစီအစဉ်တစိတ်တပိုင်းအဖြစ် ဆေးထိုး ပေးရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။

သို့သော် ထိုကြော်ငြာအစီအစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းလည်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြု သည်။

ထိုဖြစ်ရပ်သည် အလွန်အမင်းစိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဆန်တာကလော့စ်သရုပ်ဆောင်များအဖွဲ့ဥက္ကဋ္ဌ ရစ် အာဝင်ကပြောသည်။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများအတည်မပြုနိုင်သေးသော်လည်း နောက်ဆုံးအဆင့်စမ်း သပ်မှုပြုလုပ်နေသည့်ဆေးလက်တဆုပ်စာရှိနေသည်။

Ref : Covid-19: US pulls plan to give early vaccine to Santa Claus

#PeopleMedia


Share this post